Thursday, March 19, 2015

သေဆုံး တရုတ်တဦးလျှင် ဒေါ်လာတသောင်းကျော် ပေးရန် မြန်မာအစိုးရကမ်းလှမ်း

Mar 18 2015

တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ်တွင် မြန်မာစစ်တပ်က ပစ်ခတ်လိုက်သော ဗုံးဒဏ်ကြောင့် သေဆုံးသွားသည့် တရုတ် နိုင်ငံ သား ၄ ဦးအတွက် တဦးလျှင် အမေရိကန်ဒေါ်လာ ၁၁၂၂၂ ၀န်းကျင် (တရုတ်ယွမ်ငွေ ၇ သောင်း) ပေးရန် မြန်မာ အစိုးရက တရုတ် အစိုးရ ကို ကမ်းလှမ်း လိုက်ပြီး တရုတ် အစိုးရက အဆိုပါ ကမ်းလှမ်းချက်ကို တစုံတရာ တုံ့ပြန် ခြင်းမရှိသေးကြောင်း မတ်လ ၁၈ ရက်နေ့ ထုတ် Global Times သတင်းစာက ရေးသားဖော်ပြသည်။
 
မတ်လ ၁၃ ရက်နေ့ ညနေခင်းက မြန်မာစစ်လေယာဉ် တစီးပေါ်မှ ပစ်ချခဲ့သည့် ဗုံးက ပဋိပက္ခဖြစ်ပွားနေသည့် ကိုးကန့် ဒေသ နှင့် ထိစပ်နေသည့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ လင်ချန်း ခရိုင်အတွင်းရှိ ကြံခင်းအတွင်းသို့ ကျရောက်ပြီး လူ ၄ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

တရုတ်နယ်စပ် ကျော်ပြီး လောင်တဲ့ ကိုးကန့်စစ်မီး ဘယ်လိုငြှိမ်းမလဲ


Mar 19 2015

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသမှာ တကျော့ပြန် လောင်မြိုက်နေတဲ့ စစ်မီးဟာ တလကြာမြင့်လာပြီး နှစ်ဖက် အကျအဆုံး တိုးလာသလို ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာတော့ တရုတ်ပြည်ဘက်ကိုပါ ကူးစက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က တရုတ်နိုင်ငံဘက်ကို မြန်မာ့လေတပ်မတော်က ကြဲချခဲ့တယ်ဆိုတဲ့ ဗုံးကြောင့် တရုတ်နိုင်ငံသား ၄ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရသွားခဲ့ပြီးနောက် ဘေဂျင်း အစိုးရ ဒေါသထွက်ကာ တရုတ်ထိပ်တန်း အစိုးရအရာရှိတွေနဲ့ စစ်ဘက်အရာရှိကြီးတွေက မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် သတိပေးမှုတွေ လုပ်လာပါတယ်။
မြန်မာအစိုးရ သတင်းစာများရဲ့ အဆိုအရ ကိုးကန့်လက်နက်ကိုင်များနဲ့ အစိုးရတပ်အကြား တရုတ်-မြန်မာ နယ်စပ်အနီး လွန်ခဲ့တဲ့ ရက်သတ္တပတ် အတွင်း တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပြီး လေကြောင်း က ပစ်ခတ်မှုများ လည်း ရှိနေကြောင်း သိရပါတယ်။ တရုတ်အစိုးရရဲ့ ဆင်ဟွာသတင်းဌာနက တရုတ် နယ်စပ်မြို့ လင်ချန်း မြို့တွင်းကို မတ်လ ၁၃ ရက် သောကြာနေ့က ဗုံးကျခဲ့တယ်လို့ သတင်းဖော်ပြပါ တယ်။

Monday, March 9, 2015

ကျောင်းသားသပိတ်ကို အကြမ်းဖက်မဖြိုခွင်းရန် အထက်မြန်မာပြည် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

March 10 2015

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရန် ဆန္ဒပြတောင်း ဆိုနေသည့် ကျောင်းသားလှုပ်ရှား မှုများအပေါ် ထောက်ခံကြောင်း နှင့် လက်ပံတန်းမြို့တွင် ပိတ်ဆို့ ခံထားရသည့် ပင်မကျောင်းသား သပိတ်စစ်ကြောင်းကို အကြမ်း ဖက်ဖြိုခွဲခြင်းမပြုရန် အထက် မြန်မာပြည် အရပ်ဘက်လူမှုအဖွဲ့ အစည်း ၁၂၀ ကျော်က ကြေညာ ချက်ထုတ်ပြန်သည်။

လက်ပံတန်းမြို့ရှိ ပင်မ ကျောင်းသားသပိတ်စစ်ကြောင်း က မတ်လ ၁၀ ရက် နံနက် ၁၀ နာရီတွင် ပိတ်ဆို့တားဆီးထားမှု များ မဖယ်ရှားပါက ကျော်ဖြတ် ချီတက်မည်ဖြစ်ကြောင်း အရေး ပေါ်သတင်းထုတ်ပြန်ထားသည့် အပေါ် အစိုးရက ကျောင်းသား သပိတ်များအား အကြမ်းဖက်ဖြို ခွဲမည်ကို အထက်မြန်မာပြည် အရပ်ဘက်အဖွဲ့အစည်းများက အထူးစိုးရိမ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ဆန္ဒပြမည်ဆိုသည့် သတင်းကြောင့် မန္တလေးတွင် ရဲက လမ်းပိတ်


 ဧရာဝတီ၊ မတ် ၁၀၊ ၂၀၁၅

မန္တလေး ရတနာပုံတက္ကသိုလ် ကျောင်းသားများ ၃၄လမ်းနှင့် ၃၅လမ်းကြား ဗိုလ်ချုပ်အောင်ဆန်း နှစ်၁၀၀ပြည့်မွေးနေ့ အထိမ်း အမှတ် အခမ်းအနားများကျင်းပရေးကော်မတီရုံးခန်းအနီးတွင် ဆန္ဒပြမည်ဆိုသည့် သတင်းများကြောင့် အဆိုပါ လမ်းတလျှောက် ရဲတပ်ဖွဲ့မှ အချုပ်ကားများချကာ ယနေ့နံနက် ၉နာရီခန့်မှစတင်ကာ လမ်းပိတ်ထားကြောင်း သတင်းရသည်။


ကိုးကန့်ဒေသ တိုက်ပွဲတွင် ဖျက်အားပြင်းဗုံး အသုံးပြု တိုက်ခိုက်

ကိုးကန့်တပ်ဖွဲ့များ အဓိက ခြေကုပ်ယူထားသည့် လောက် ကိုင်နှင့် ချင်းရွှေဟော်ကြား လုံ ထန်ရွာအနီး တောင်ကုန်းများကို တပ်မတော်က ချေမှုန်းရာတွင် တိုက်လေယာဉ်ပေါ်မှ ဖျက်အား ပြင်းဗုံးများ ပထမဆုံးအကြိမ် အသုံးပြု တိုက်ခိုက်ကြောင်း  သတင်းရရှိသည်။

 လုံထန်ကျေးရွာအနီး ကား လမ်းအရှေ့ဘက်ခြမ်းရှိ ပွိုင့်- ၁၇၅၃ တောင်ကုန်းနှင့် အနီးပတ် ၀န်းကျင် တောင်ကုန်းများကို တပ်မတော်စစ်ကြောင်းများက မတ်လ ၇ ရက် မွန်းလွဲမှစ၍ လေကြောင်း ပစ်ကူ၊ အမြောက် ပစ်ကူများဖြင့် ထိုးစစ်ဆင်တိုက် ခိုက်ချေမှုန်းလျက်ရှိကြောင်း တပ် မတော်က တရားဝင်ထုတ်ပြန်ခဲ့ သည်။ မတ်လ ၇ ရက်က လေ ကြောင်းပစ်ကူ ခုနစ်ကြိမ်ဖြင့် တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးအကြိမ် တွင် တိုက်လေယာဉ် A5C အမျိုး အစားနှင့် ပေါင် ၅၀၀ အလေးချိန် ရှိ ဗုံးတစ်လုံးကြဲချခဲ့ကြောင်း တိုက်ပွဲဖြစ်ရာ ဒေသတွင် တာဝန်ကျနေ သည့် တပ်မတော်အရာရှိတစ်ဦး ကပြောသည်။

ပင်မသပိတ်စစ်ကြောင်း ရန်ကုန်အထိချီတက်ရန် အစိုးရ သဘောတူလိုက်ပြီ

UPDATE NEWS >>>>>>>>>>

========
...
ပင်မသပိတ်စစ်ကြောင်း ရန်ကုန်သို့ ၀င်ခွင့်ပြုရန် သဘောတူလိုက်ပြီဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီကျော်က သတင်းရရှိသည်။
မတ်လ ၁၀ ရက် နံနက် ၉ နာရီခွဲက ပဲခူးတိုင်းနယ်လုံဝန်ကြီး ဦးသက်ထွန်းနှင့် သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း၊ မဖြိုးဖြိုးအောင်၊ NNERကိုယ်စားလှယ် ဒေါက်တာသိန်းလွင် ၊ ဒေါက်တာညိုညိုသင်း၊ ကိုစိုးထွန်းတို့ တံခါးပိတ်ဆွေးနွေးပြီးနောက် အထက်ပါအတိုင်း သဘောတူလိုက်ခြင်းဖြစ်ကြောင်း ထိုနေရာသို့ ရောက်ရှိနေသည့် 7Day သတင်းထောက်က သတင်းပေးပို့သည်။
သဘောတူညီချက်အရ လက်ရှိ ထိုင်သပိတ်ဆင်နွှဲနေသည့်နေရာမှ လက်ပံတန်းမြို့ တာဆုံအထိ ယနေ့ နံနက် ၁၀ နာရီကျော်မှ စတင်ကာ ကျောင်းသားသပိတ်က လမ်းလျှောက်ချီတက်မည်ဖြစ်ပြီး တာဆုံအရောက်တွင် ကားများဖြင့် ရန်ကုန်သို့ ဆက်လက်ချီတက်မည်ဖြစ်သည်။ ၁၀ နာရီ ၁၃ မိနစ်တွင် အတားအဆီးများကို စတင်ဖယ်ရှားနေပြီး ကျောင်းသားများ လေးယောက်တစ်တွဲဖြင့် စတင်ထွက်ခွာမည်ဖြစ်သည်။
"လက်ပံတန်းကနေ သာယာဝတီကို လမ်းလျှောက်မယ်ဆိုရင် တစ်နေကုန်သွားမယ်။ မနက်ဖြန် ဆယ်တန်းစာမေးပွဲတွေလည်း ရှိတဲ့အတွက် လက်ပံတန်းတာဆုံအထိပဲ လမ်းလျှောက်ပြီး တာဆုံကနေ ရန်ကုန်ကို ကားနဲ့ချီတက်မှာဖြစ်ပါတယ်" ဟု ကိုအောင်မှိုင်းဆန်းက တွေ့ဆုံပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားသည်။
လက်ပံတန်းကျောင်းသားသပိတ်တွင် ကျောင်းသား ၁၄၀ ကျော်နှင့် ၀န်းရံသူ ၃၀ ကျော် ရှိပြီး အဆိုပါသပိတ်ကို ရန်ကုန်မြို့တွင် ထောက်ခံပွဲကို လှည်းတန်းတွင် ယနေ့နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် စတင်ပြုလုပ်နေပြီဖြစ်သည်။

7Day

Thursday, March 5, 2015

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် အငြင်းပွားမြေနေရာပေါ်တွင် တရုတ်နိုင်ငံဘက်မှ တံတားဆောက်ရန်ဟုဆိုကာ မြေတိုင်းတာမှုများ ပြုလုပ်၍ ငုတ်တိုင်များ လာရောက်စိုက်ထူ


မူဆယ်၊ မတ် ၄။ 


တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ် အငြင်းပွားမြေနေရာတွင် ပါဝင်သည့် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ စယ်ဟိုင်းကျေးရွာအုပ်စု၊ ကောင်းဆုန်ကျေးရွာ ကူးတို့ဆိပ်အနီးတွင် တရုတ်နိုင်ငံဘက်မှ တံတားဆောက်ရန်ဟု ဆိုကာ မြေတိုင်းတာမှုများ ပြုလုပ်၍ ငုတ်တိုင်များ လာရောက် စိုက်ထူခဲ့ကြောင်း ဒေသခံများက ပြောသည်။ မတ်လ(၂)ရက်နေ့က တရုတ်-မြန်မာနယ်စပ်ရေးရာ ဆက်ဆံရေးအဖွဲ့မှ မခင်ဖြူဝင်း (တရုတ်နိုင်ငံသူ)က ဦးဆောင်သည့် အဖွဲ့မှ တိုင်းတာမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
 

ကျောင်းသားနှင့် NNER မပါဝင်လည်း အစီအစဉ်အတိုင်း ဆောင်ရွက်မည်ဟု ဥပဒေကြမ်းကော်မတီပြော


Friday, March 6, 2015

အမျိုးသားပညာ ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကြားနာပွဲသို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီနှင့် ပညာရေးစနစ်ပြု ပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) တို့ မတက် ရောက်လျှင်လည်း သတ်မှတ်ထားသော အစီအစဉ်အတိုင်း ဆက် လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြော သည်။
မတ်လ ၅ ရက်တွင် စတင် သော ကြားနာပွဲသို့ တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသ) နှင့် ဗကသ (မြေလတ်)တို့ တက် ရောက်ခဲ့သော်လည်း ဆွေးနွေးခဲ့ ခြင်းမရှိ၍ ကြားနာပွဲပျက်ပြယ်ခဲ့ ပြီး မတ်လ ၇ ရက်တွင် ပြုလုပ်မည့်ကြားနာပွဲသို့ NNER အနေဖြင့် တက်ရောက်မည်မဟုတ်ကြောင်း ကြေညာထားသည်။
‘‘ဖိတ်တဲ့ အဖွဲ့အစည်းတွေ မစုံရင် မလာတဲ့အဖွဲ့က တင်ပြ ခွင့်မရှိဘူး။ လာတဲ့အဖွဲ့တွေပဲ တင် ပြခွင့်ရှိမယ်။ မလာလည်း ဆက် လုပ်သွားမယ်’’ ဟု အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောသည်။

တရုတ်မြန်မာ နယ်စပ်ရှိ တင်းမာမှု များကို လျှော့ချရန် တရုတ် တိုက်တွန်း

တရုတ်မြန်မာ နယ်စပ်ဒေသရှိ တင်းမာမှုများအား လျှော့ချရန် မြန်မာ သံအမတ်ကို တရုတ်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး Liu Zhenmin က တိုက်တွန်း လိုက်ကြောင်း ရိုက်တာ  သတင်းဌာနက ရေးသား ဖော်ပြ လိုက်သည်။
တရုတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏနဲ့ နယ်မြေ ပိုင်ဆိုင်မှုကို အစဉ်အမြဲ လေးစား ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ ထိန်းချုပ်မှုတွေ ပြုလုပ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းက လက်ရှိ တင်းမာမှုတွေကို အမြန်ဆုံး လျှော့ချသွားနိုင် လိမ့်မယ်လို့ မျှော်လင့် ပါတယ်။ ပြီးတော့ တရုတ်မြန်မာ နယ်စပ် ဒေသ တည်ငြိမ်ရေး ကိုလည်း စိတ်အား ထက်သန်စွာနဲ့ ထိန်းသိမ်း လိမ့်မယ်လို့ မျှော်လင့် ပါတယ် ဟု အဆိုပါ ဒုတိယ ၀န်ကြီး၏ ကြေညာချက်တွင် ထည့်သွင်း ဖော်ပြ ထားကြောင်း သိရသည်။

မတ်လ ၅ ရက် ညနေ မြို့တော်ခန်းမရှေ့ ဆန္ဒပြအကြမ်းဖက်ဖြိုခွင်းမှု မှတ်တမ်းဓာတ်ပုံအချို့



ထားဝယ် အထူးစီးပွားရေးဇုန်တွင် တရုတ်ကုမ္ပဏီ Guangdong Zhenrong က ဒေါ်လာသုံးဘီလျံ မြှုပ်နှံမှုဖြင့် ရေနံချက်စက်ရုံ တည်ဆောက်ရန် စီစဉ်နေဟု ဆို

ထားဝယ်အထူးစီးပွားရေးဇုန်တွင် တရုတ်ကုမ္ပဏီ Guangdong Zhenrong က ဒေါ်လာသုံးဘီလျံ ရင်းနှီးမြှုပ်နှံမှုဖြင့် ရေနံချက်စက်ရုံ တည်ဆောက်ရန် စီစဉ်ထားသည်ဟု ဂျပန်သတင်းစာ Nikkei ၏ အာရှပိုင်းကဏ္ဍတွင် ဖော်ပြချက်အရ သိရသည်။၎င်းတို့က မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ပူးပေါင်းလုပ်ကိုင်ခွင့် ရရှိရန် မျှော်မှန်းထားသည်ဟု ဆိုသည်။၎င်းတို့ ကုမ္ပဏီက မြန်မာနိုင်ငံ အစိုးရထံသို့ အဆိုပါစက်ရုံ တည်ဆောက်ခွင့်အတွက် အတည်ပြုချက်ရရန် လျှောက်လွှာတင်ထားကြောင်း သိရသည်။အဆိုပါ ရေနံချက်စက်ရုံမှ တစ်နှစ်လျှင် ရေနံစိမ်းတန် ငါးသန်းကို ချက်လုပ်နိုင်မည် ဖြစ်သည်။

မတ်လ ၆ ရက် လက်ပံတန်းမှာ ဗကသ ၃ ယောက်အဖမ်းခံရ




၆ မတ် ၂၀၁၅

လက်ပံတန်း မြို့ မှာ ဒီနေ့ မနက် က ဗကသ ကျောင်းသား သုံးယောက်ဖမ်းဆီးသွားပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ကို ရဲရင့်ပိုင်မှုး ၊ ကို အောင်မင်းထက် နဲ့  မအိသဇာမောင် ဖြစ်ပါတယ်။ သူတို့ ဟာ လက်ပံတန်းဈေးရှေ့မှာမနေ့က ရန်ကုန်အကြမ်းဖက်မှုအကြောင်း ပြည်သူတွေကိုရှင်းပြနေစဉ် ၀င်အဖမ်းခံခဲ့ရတာပါ။ သတင်းထောက်တွေကိုလည်းတားဆီဟန့် တားခံရမူ့ တွေ ရှိပီး ဧရာဝတီသတင်းထောက် တယောက်ကို ဖမ်းဆီးသွားခဲ့လို့  အနားမှာရှိတဲ့ သတင်းထောက်တွေ ပြန်ဆွဲခေါ်ဆောင်လာခဲ့ရပါတယ်။

Wednesday, March 4, 2015

တရုတ်ဘက်တွင် ဆန်ဈေး မြင့်တက်လျက် ရှိသော်လည်း မြန်မာ့ဆန်ကိုမူ တရုတ်က ဈေးနှိမ်ဝယ်ယူ

တရုတ်နှစ်ကူးအပြီး တရုတ်ဘက်တွင် ဆန်တစ်တန် ယွမ် ၆ဝ ဝန်းကျင် ဈေးမြင့်တက်မှု ရှိခဲ့သော်လည်း ဈေးနှိမ်ဝယ်သဖြင့် မူဆယ်နယ်စပ်တွင် ဆန်တစ်အိတ် သုံးယွမ်ခန့် ဈေးကျဆင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (မူဆယ်) ဒုတိယဥက္ကဌ ဦးချမ်းသာဦးက ပြောကြားသည်။

သံလွင်မြစ်အတွင်း အကြီးဆုံးဖြစ်လာမည့် မိုင်းတုံရေအားလျှပ်စစ်စီမံကိန်း စတင်ရန် ပြင်ဆင်

Thursday, March 5, 2015

သံလွင်မြစ်ရေကာတာ စီမံကိန်းများမှ အကြီးဆုံးဖြစ်လာမည့် မိုင်းတုံရေအား လျှပ်စစ်စီမံ ကိန်းစတင်တော့မည်ဖြစ်ပြီး လူထုအကြံပြုတွေ့ဆုံမှုများ ပြုလုပ် သွားရန်စီစဉ်နေကြောင်း သတင်းရရှိသည်။
မိုင်းတုံရေအားလျှပ်စစ်စီမံ ကိန်းသည် ယခင်က တာဆန်း အမည်ဖြင့်တည် ဆောက်ရန်လျာ ထားရာမှ မိုင်းတုံအမည်ဖြင့် ပြောင်းလဲခဲ့သည်။ ယင်းဆည်မှာ သံလွင်မြစ်ပေါ်တည်ဆောက်မည့်စီမံကိန်းတွင်အကြီးဆုံး ဆည်နှင့်အရှေ့တောင်အ...ာရှတွင် အမြင့်ဆုံးဆည်ဖြစ်လာမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ၇,၁၀၀ မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်သည်။
သံလွင်မြစ်တွင် ရေအား လျှပ်စစ်စီမံကိန်းခြောက်ခုတည် ဆောက်ရန် အဆိုပြုထားသည့် အနက်မှ အကြီးဆုံးဖြစ်လာမည့် ရှမ်းပြည်နယ်၊ မိုင်းတုံမြို့ တွင် တည်ဆောက်မည့်မိုင်းတုံရေအား လျှပ်စစ်စီမံကိန်း စတင်လုပ် ဆောင်နိုင်ရန် ပူးပေါင်းကုမ္ပဏီ များက ဒေသခံပြည်သူများ၊ စိတ်ဝင်စား သည့် အဖွဲ့များနှင့်တွေ့ဆုံ ၍ စီမံကိန်းအချက်အလက်များရှင်းလင်း တင်ပြသွားမည်ဖြစ် ကြောင်း သိရသည်။
 

ဆန္ဒပြမှုတွင် သံဃာများ မပါဝင်ရန် ရန်ကုန်တိုင်း သံဃာ့နာယက ကြေညာသော်လည်း ဆက်လက်ပူးပေါင်းရန် ရွှေဝါရောင် သံဃာတော်များ တိုက်တွန်း

အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်ပေးရန် လက်ပံတန်းမြို့တွင်သပိတ်စခန်းချထားသည့် ဆန္ဒပြ ကျောင်းသားများနှင့် ပူးပေါင်းတောင်းဆိုနေသည့် သံဃာတော်များသည် ဆက်လက်ပူးပေါင်း ဆောင်ရွက် သင့်သည်ဟု ရေဝါရောင်သံဃာတော်များကွန်ရက်အဖွဲ့ဝင် သံဃာအချို့က မဇ္ဈိမကို ပြောသည်။
မတ်လ ၃ ရက် ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီး သံဃာနာယကအဖွဲ့ ( ဂိုဏ်းပေါင်းစုံ)က လက်ပံတန်းမြို့တွင် ကျောင်းသားများ...နှင့် ပူးပေါင်းဆောင်ရွက်နေသည့် သံဃာတော်အချို့ကို ထုတ်ပြန်ချက်တွင် ပြည်သူများအကြား တည်ငြိမ်အေးချမ်းမှု ပျက်ပြားမည်လော ဟူသော စိုးရိမ်ပူပန်မှုများ မရှိစေရေးအတွက် သီတင်းသုံးရာကျောင်းသို့ ပြန်လည်ကြွရောက်ရန် မေတ္တာရပ်ခံချက် ထုတ်ပြန်မှုအပေါ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese

သမ္မတဦးဆောင်ကျင်းပသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဆက်ကပ်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အထွေထွေရွေး ကောက်ပွဲအတွက် သမ္မတဦးသိန်း စိန်နှင့် သီးသန့်တွေ့ဆုံမှုပြုလုပ်ခဲ့ ပြီးနောက် ရက်ပိုင်းအတွင်းနိုင်ငံ တော်သမ္မတ  ဦးဆောင်ကျင်းပ သော သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော်များဆက်ကပ်လှူ ဒါန်းပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဒေါ်အောင်ဆန်း စုကြည်တက်ရောက်ခဲ့ကြောင်းသ တင်းရရှိသည်။

လက်ပံတန်း ထိုင်သမိတ် လုံခြုံရေးတင်းကြပ်

ပင်မကျောင်းသားများ၏ ထိုင်သပိတ် တတိယမြောက်နေ့ လုံခြုံရေး ပိုမိုတင်းကြပ်ထား
လက်ပံတန်းမြို့ရှိ ကျွန်းကလေး အနောက်ဘက် ကမ်းလမ်းထိပ်တွင် ရဲတပ်ဖွဲ့၏ ပိတ်ဆို့မှုကိုခံထားရသော ပင်မသပိတ်မှောက် ကျောင်းသားများ၏ ထိုင်သပိတ်သည် တတိယနေ့သို့ ရောက်ရှိ လာပြီဖြစ်သည်။ မတ်လ ၃ရက်နေ့ကတည်းက ပိတ်ဆို့ခံထားရသည့် ကျောင်းသားသပိတ်သည် မတ်လ (၅) ရက်တွင် လုံခြုံရေးရဲများက အတွင်းစည်း၊ အပြင်စည်းဖြင့် လုံခြုံရေးပိုမိုတင်းကြပ်ထား သည်ကို တွေ့ရသည်။ ကျောင်းသား သပိတ်ရှေ့တွင်လည်း သံဆူးကြိုးနှစ်ထပ်ကို လမ်းအပြည့် ကာရံထားကာ လုံခြုံရေးရဲများကလည်း အသင့်အနေအထားဖြင့် နေရာယူထားသည်။ မတ်လ ၃ ရက်ကတည်းက အစာငတ်ခံဆန္ဒပြနေသည့်ကျောင်းသားများမှာလည်း ယမန်နေ့က စပြီး အလှည့်ကျစနစ်ဖြင့် အစာငတ်ခံသည့် ပုံစံသို့ ပြောင်းထားသည်။(ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)


အမျိုးသားလွှတ်တော် ကြားနာပွဲသို့ NNER တက်ရောက်ရန် ရွှေ့ဆိုင်း

Thursday, March 5, 2015

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၌ ကြားနာမည်ဖြစ်ရာ မတ် ၇ ရက်တွင် ပြုလုပ်မည့် ကြားနာပွဲသို့ တက်ရောက်မည့် အစီအစဉ်အား ရွှေ့ဆိုင်းကြောင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) က အသိပေးကြေညာချက်ကို မတ် ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လေးပွင့်ဆိုင်သဘောတူညီမှုများအား အစိုးရအဖွဲ့ကဖောက်ဖျက်နေကြောင်း ဧရာဝတီသပိတ်ခေါင်းဆောင်များထုတ်ပြန်

အမျိုးသားပညာရေးဥပဒေ (ကြမ်း)နှင့်ပတ်သက်သည့် လေးပွင့်ဆိုင် သဘောတူညီမှုများအား အစိုးရအဖွဲ့က ဖောက်ဖျက်နေသည်ဟု ဧရာဝတီသပိတ်စစ်ကြောင်း ခေါင်းဆောင်ကိုအောင် အောင်ကျော်က ပြောသည်။
''အစိုးရဘက်က ကျွန်တော်တို့နဲ့ သဘောတူထားတဲ့အချက်တွေကိုဖောက် ဖျက်လာတာတွေ့နေရတယ်''ဟု ၄င်း ကဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၄ ရက် နေ့စွဲပါ သပိတ်မှောက်ကျောင်းသားများ ရန်ကုန်ဝင်လျှင် တည်ဆဲဥပဒေအရအ ရေးယူမည်ဟု ကြေညာထားခြင်းသည် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲအပြီး သဘောတူညီချက်များဖောက်ဖျက်နေ သည်ဟုလည်း ဧရာဝတီသပိတ်စစ် ကြောင်းမှ မတ် ၃ရက်က ကြေညာချက် ထုတ်ပြန်ထားသည်။

Saturday, February 28, 2015

ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်း ဟင်္သာတမြို့ခရီးစဉ်၌ ကြိုဆိုနှုတ်ဆက်သူ အလွန်များပြားခဲ့ပြီး ဟင်္သာတမြို့ ဟောပြောပွဲသို့ တက်ရောက်သူ သောင်းချီ ရှိ



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၂၈ရက်က ဧရာဝတီတိုင်း ဟင်္သာတမြို့တွင် ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ် (၁၀၀) ပြည့် ဂုဏ်ပြုဟောပြောပွဲသို့ သွားရောက်သည့် ခရီးစဉ်၌ ကြိုဆိုနှုတ်ဆက် သူအလွန်များပြားခဲ့ပြီး ဟင်္သာတမြို့ ဟောပြောပွဲသို့ တက်ရောက်သူ သောင်းချီရှိခဲ့သည်။


ပြည်သူ့ပိုက်ဆံဖြင့် အစိုးရများ ဝန်ဆောင်မှုပေးခြင်းကို သတိရရန် ဒေါ်အောင်ဆန်းစုကြည်ပြော


Saturday, February 21, 2015

မည်သည့်အစိုးရဖြစ်စေ ပြည်သူလူထုအတွက် လုပ်ဆောင်ပေးမှုမှန်သမျှ ၎င်းတို့ပိုက်ဆံဖြင့် စိုက်ထုတ်လုပ်ဆောင်ခြင်းမဟုတ်ဘဲ ပြည်သူလူထုဆီမှ ပိုက်ဆံဖြင့်သာလုပ်ပေးခြင်းဆိုသည် ကို သိနိုင်ရန် သတိပေးလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

ပြည်ခိုင်ဖြိုး ပါတီခေါင်း ဆောင်တစ်ဦးဖြစ်သော ဦးဌေးဦး၏ မဲဆန္ဒနယ်ဖြစ်သည့် ဟင်္သာတမြို့သို့ ဖေဖော်ဝါရီ ၂၈ ရက်က ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစု ကြည်က ယင်းကဲ့သို့ ပြောကြား လိုက်ခြင်းဖြစ်သည်။

လောက်ကိုင်တိုက်ပွဲဝင်တပ်မတော်သားများအား ဂုဏ်ပြုဖျော်ဖြေပွဲပြုလုပ်မည်


Sunday, March 1, 2015

ရုပ်ရှင်နှင့်သဘင်အနု ပညာရှင်များပူးပေါင်း၍ လောက် ကိုင်ဒေသမှ တပ်မတော်သားများ အားဂုဏ်ပြုပဒေသာဖျော်ဖြေပွဲ မတ်လ ၆ နှင့် ၇ ရက်တွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ကျင်းပမည်ဟုသတင်းရရှိသည်။

ဖျော်ဖြေပွဲကို နှစ်ရက်ခွဲ၍ ကျင်းပမည်ဖြစ်ပြီး မတ်လ ၆ ရက်တွင် သဘင်ဖောင်ဒေးရှင်းမှ ဦး နန်းဝင်းဦးဆောင်ကာ ‘များလူခပ် သိမ်းငြိမ်းချမ်းစေဖို့’ အမည်ရှိ ပြ ဇာတ်နှင့်နှစ်ပါးသွားအကများကို သဘင်အနုပညာရှင်များနှင့် သ ရုပ်ဆောင်များစွာက ဖျော်ဖြေ မည်ဖြစ်သည်။ မတ်လ ၇ ရက်တွင် ဂီတအနုပညာရှင် ၅၀ ကျော်က တေးသီချင်း ၃၅ ပုဒ်နှင့် ဖျော် ဖြေမည်ဟု ပွဲစီစဉ်သူဦးနန်းဝင်းက ပြောသည်။

ဖုန်ကြားရှင်လုပ်ရပ်အား မထောက်ခံကြောင်း မန္တလေးရောက် ကိုးကန့်တိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်မှ ပြောကြား


1.3.2015

ဖုန်ကြားရှင်လုပ်ရပ်အား မထောက်ခံကြောင်း မန္တလေးရောက် ကိုးကန့်တိုင်းရင်းသား ကိုးကန့် တိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်မှ ယနေ့ပြောကြားခဲ့ကြောင်း သိရှိရသည်။ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၃၃ လမ်း၊ ၆၂ x ၆၃ လမ်းကြားရှိ ဗုဒ္ဓဘာသာကိုးကန့် ဓမ္မာရုံအစည်းအဝေးခန်းမ၌ မန္တလေးမြို့တွင် နေထိုင်လျက်ရှိသော ကိုးကန့်တိုင်းရင်းသား မိသားစုများ၏ သဘောထားခံယူချက်ရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီမှ ၉ နာရီခွဲချိန်ထိ ကျင်းပခဲ့ရာ ဖုန်ကြားရှင်လုပ်ရပ်အား မန္တလေးရောက်ကိုးကန့် တိုင်းရင်းသားများမှ မထောက်ခံကြောင်း ဦးအောင်ဝင်းခိုင်မှ ပြောကြား ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရှင်းလင်းပွဲသို့ မန္တလေးမြို့ ရှိ ကိုးကန့်တိုင်းရင်းသားများနှင့် သတင်းထောက်အဖွဲ့များ တက်ရောက်ခဲ့ပြီး ဦးအောင်ဝင်းခိုင်မှ သဘောထားခံယူချက် ရှင်းလင်းတင်ပြချက်အား ဖတ်ကြားခဲ့ကြောင်းနှင့် သတင်းထောက်များ၏ သိရှိလိုသည်များ မေးမြန်းမှု ကို ဦးအောင်ဝင်းခိုင်နှင့် ဦးကျင်ဝမ်းတို့မှ ပြန်လည်ဖြေကြားခဲ့ ကြောင်း သိရသည်။

လောက်ကိုင်မြို့တွင်းမှ မူးယစ်ဆေးဝါးများ ထပ်မံသိမ်းဆည်းရမိ


နေပြည်တော် ဖေဖော်ဝါရီ ၂၈
 'လောက်ကိုင်မြို့တွင်းမှ မူးယစ်ဆေးဝါးများ ထပ်မံသိမ်းဆည်းရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၈
လောက်ကိုင်မြို့တွင်း တပ်မတော်စစ်ကြောင်းများက လုံခြုံရေးဆောင် ရွက်စဉ် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် နားလီလမ်းဆုံနှင့် နတ်စင်ကုန်း အနီးရှိ မသင်္ကာဖွယ် အဆောက်အအုံတစ်လုံးအား ဝင်ရောက် ရှင်းလင်းခဲ့ရာ အဆောက်အအုံအတွင်းမှ ဆာလာအိတ်ဖြင့်ထုပ်ထားသည့် WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀ ပြားပါ ၄၀ ထုပ်၊ ၂၀၀၀ ပြားပါ ၂၉ ထုပ်၊ ၄၀၀၀ ပြားပါ ၁၅ ထုပ်၊ ၆၀၀၀ ပြားပါ ၁၀ ထုပ် စုစုပေါင်း စိတ်ကြွ ရူးသွပ်ဆေးပြား ၁၈၆၀၀၀ ပြား၊ ကာလတန်ဖိုး ကျပ် ၂၇၉၀ သိန်းခန့်အား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိသည်။
အလားတူ လောက်ကိုင်မြို့အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော် စစ်ကြောင်းက ယနေ့နံနက်ပိုင်းတွင် ရေသန့်စက်ရုံအနီး လျိုအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၅၄၀၀ ပြား၊ ကာလတန်ဖိုး ကျပ် ၃၂၇ သိန်းခန့်အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိသည်။
ထို့အတူ လောက်ကိုင်မြို့မြောက်ဘက် မူကွာကျိုင်းအနီးတွင် ယနေ့နံနက်ပိုင်း၌ နယ်မြေရှင်းလင်း လျက်ရှိသော တပ်မတော်စစ်ကြောင်းက မသင်္ကာဖွယ်ရာ အရပ်သား ၂ ဦးအားတွေ့ရှိ၍ စစ်ဆေးခဲ့ရာ ဦးညီမာန် ၃၇ နှစ်၊ (ဘ)ဦး လူခန်းနှင့် ဦးလျှောက်ကျောင်း ၄၃ နှစ်၊ (ဘ)ဦးဝေချန် တို့ထံမှ WY စာတမ်းပါ စိတ်ကြွ ရူးသွပ် ဆေးပြား ၉၃၀၀ ပြား၊ ကာလတန်ဖိုး ကျပ် ၁၃၉ သိန်းခန့်အား သိမ်းဆည်းရမိခဲ့သည်။
အထက်ပါဖြစ်စဉ်များမှ သိမ်းဆည်းရမိ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၂၆၀၇၀၀ ပြား၊ ကာလတန်ဖိုးကျပ် ၃၂၅၆ သိန်းခန့်နှင့် အတူတရားခံ ၂ ဦးတို့ အား ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ သိမ်းဆည်း ရမိသော မူးယစ်ဆေးဝါး များအား မြန်မာနိုင်ငံ မူးယစ်ဆေးဝါးကာကွယ်တားဆီးနှိမ်နင်းရေးတပ်ဖွဲ့သို့ စနစ်တကျ အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။'
လောက်ကိုင်မြို့တွင်း တပ်မတော်စစ်ကြောင်းများက လုံခြုံရေးဆောင် ရွက်စဉ် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် နားလီလမ်းဆုံနှင့် နတ်စင်ကုန်း အနီးရှိ မသင်္ကာဖွယ် အဆောက်အအုံတစ်လုံးအား ဝင်ရောက် ရှင်းလင်းခဲ့ရာ အဆောက်အအုံအတွင်းမှ ဆာလာအိတ်ဖြင့်ထုပ်ထားသည့် WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀ ပြားပါ ၄၀ ထုပ်၊ ၂၀၀၀ ပြားပါ ၂၉ ထုပ်၊ ၄၀၀၀ ပြားပါ ၁၅ ထုပ်၊ ၆၀၀၀ ပြားပါ ၁၀ ထုပ် စုစုပေါင်း စိတ်ကြွ ရူးသွပ်ဆေးပြား ၁၈၆၀၀၀ ပြား၊ ကာလတန်ဖိုး ကျပ် ၂၇၉၀ သိန်းခန့်အား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိသည်။

ပညာရေးဥပဒေကြမ်းပါ ပုဒ်မတချို့ ပယ်ဖျက်ရန် ပရိယတ္တိသာသနာပြု တက္ကသိုလ် အကြံပြု


ဧရာဝတီ၊ ဖေဖေါ်ဝါရီ ၂၆၊ ၂၀၁၅

အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်မည့် ဥပဒေကြမ်းနှင့် ပတ်သက် ၍ နိုင်ငံတော် ပရိယတ္တိ သာသနာပြု တက္ကသိုလ် ပညာသင်ကြားရေးအဖွဲ့က ယင်းဥပဒေကြမ်းတွင် ပါဝင်သည့်
အခန်း (၃)ပုဒ်မ ၄ ပုဒ်မခွဲ(ခ) ပညာ ရေး လွတ်လပ်ခွင့်နှင့် ပတ်သက်၍ ကျောင်းများ၊ ဆရာများ၊ ကျောင်းသားများ၊ သင်ရိုးညွန်းတန်းများ၊ ဘာ သာစကား၊ အတွေးအခေါ် များနှင့် ဒေသဆိုင်ရာ လွတ်လပ်မှုများ ဖော်ဆောင်လွန်းလျှင် စည်းကမ်း မဲ့လွန်း သည့်လမ်းကြောင်း ကို ဦးတည်နေခြင်းကြောင့် ပယ်ဖျက်သင့်ကြောင်း၊ အခန်း( ၄)ပုဒ်မ က၊ ပုဒ်မ ခွဲ စစ တွင် ဆရာ/ ဆရာမများအပေါ် ကျောင်းသား/သူများ၏ အကဲဖြတ်မှုနှင့် ပတ်သက်၍ ဆရာများကို တပည့်များက ပြန်လည်အကဲဖြတ်မှု စနစ်သည် မိဘကို သားသမီးက ဆရာပြန်လုပ်သလိုဖြစ်ခြင်း၊ တပည့်ရဟန်းမှ ဆရာ ရဟန်းကို ပြန်လည်အကဲဖြတ်ခြင်းသည် မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီ သည့် အတွက် ပယ်ဖျက်သင့် ကြောင်း၊
ထိုအပြင် ဆရာ/ဆရာမများ ပါတီများ သို့ဝင်ရောက်ပါက ပါတီစွဲဖြစ်ပေါ်လာပြီး သင်ကြား မှုတွင် ဆိုးကျိုး များဖြစ်ပေါ်နိုင်သည့်အတွက် ပုဒ်မ(ခ) ပုဒ်မခွဲ ဃဃ ကိုပယ်ဖျက်သင့်ကြောင်း၊ ထိုအပြင် ကျောင်း အလိုက် မိခင်ဘာသာစကားကို ရွေးချယ် သင်ကြား မည်ဆိုပါက အနာဂတ်၌ မြန်မာစာမှေးမှိန်မည့်အပြင် ဘာသာခြားတို့၏ စာပေပို့ချမှု မှတဆင့် ဘာသာရေးစည်းရုံးမှိုင်းတိုက်မှုများ ပေါ်ပေါက်လာနိုင်သဖြင့် ပယ်ဖျက်သင့်သည်ဟု အကြုံပြုကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

The Irrawaddy (Burmese Version)

တရုတ် ကြေးစားစစ်သားများ ကိုးကန့်တိုက်ပွဲတွင် ပါဝင်မှုမရှိကြောင်း ဖုန်ကြားရှင် ငြင်းဆို


ရန်ပိုင်

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ ကိုးကန့်တိုက်ပွဲများတွင် တရုတ်နိုင်ငံသားများ(သို့) ကြေးစားစစ်သားများ ပါဝင် တိုက် ခိုက်နေသည်ဟု မြန်မာ့ တပ်မတော်၏ ပြောဆိုချက်ကို ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်က ငြင်းဆိုလိုက်သည်။ 

Friday, February 27, 2015

နိုင်ငံတော်လုံခြုံရေးနှင့် ဒီမိုကရေစီဖြစ်စဉ် ကွဲပြားဖို့ လိုသည်


နိုင်ငံတော်လုံခြုံရေးနှင့် ဒီမိုကရေစီဖြစ်စဉ် ကွဲပြားဖို့ လိုသည်

တလခန့် ကြာမြင့်ခဲ့သော အမျိုးသားပညာရေး ဥပဒေ သပိတ်မှောက်ပွဲသည် တနိုင်ငံလုံးချီလှုပ်ရှားမှု ဖြစ်သော်လည်း တစုံတရာပြဿနာ မပေါ်ဘဲ ငြိမ်းချမ်းစွာ လှုပ်ရှားနေခဲ့သည့်တိုင် အစိုးရက တားမြစ်ရန် ကြိုးစားရာတွင် “နိုင်ငံတော် လုံခြုံရေး” ဆိုသော အမြင်ဖြင့်ကြည့်နေသည်မှာ လုံးဝ ဆီလျော်မှု မရှိပေ။

လောက်ကိုင်တွင် ကိုးကန့်တပ်များနှင့် ဖြစ်ပွားသော တိုက်ပွဲများသည် “နိုင်ငံတော် လုံခြုံရေး” (National Security) ခေါင်းစဉ်အောက်တွင် အကြုံးဝင်သော်လည်း သပိတ်မှောက်ကျောင်းသားများ၏ လှုပ်ရှားမှုသည် ဒီမိုကရေစီဖြစ်စဉ် (Democratizing) တရပ်သာဖြစ်ပြီး လက်သင့်ခံရမည့် အရာဖြစ်သည်။ ကျောင်းသားများ၏ လိုလားမှုကို ညှိနှိုင်းဆွေးနွေးမှုဖြင့် အဖြေရှာရမည့် ကိစ္စသာဖြစ်သည်။

လောက်ကိုင် တိုက်ပွဲကြောင့် မူဆယ်-မန္တလေး အဝေးပြေး ကုန်ကားများ ပြေးဆွဲချိန် ပြောင်းလဲ


လောက်ကိုင် တိုက်ပွဲကြောင့် မူဆယ်-မန္တလေး အဝေးပြေး ကုန်ကားများ ပြေးဆွဲချိန် ပြောင်းလဲ

နိုင်နိုင်ဇော်

လောက်ကိုင် တိုက်ပွဲကြောင့် မူဆယ်-မန္တလေး အဝေးပြေး ကုန်တင်ကားများ ပြေးဆွဲချိန် ပြောင်းလဲနေရကြောင်း ဒေသ အခြေစိုက် လုပ်ငန်းရှင်များနှင့် ကုန်ကား လုပ်ငန်းရှင်များက ပြောဆိုသည်။

ဒေသအခြေစိုက် လက်နက်ကိုင် အဖွဲ့များက ခရီးသွားပြည်သူများနှင့် ကုန်ကားများကို ပစ်ခတ်မှုများ၊ ခေတ္တ ခေါ်ဆောင်မှုများကြောင့် ကားသမားနှင့် လုပ်ငန်းရှင်များ စိုးရိမ်မှုများသည် ညပိုင်ကားပြေးဆွဲမှုကို ရှောင် လာကြသည်ဟု မူဆယ်-မန္တလေး အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ပြောသည်။

အစိုးရမေတ္တာပျက်စေရန် ဖေ့စ်ဘွတ်ခ်ပေါ် ရေးတင်မှုဖြင့် ဓာတ်ပုံသတင်းထောက်ကို ဖမ်းဆီး


အစိုးရမေတ္တာပျက်စေရန် ဖေ့စ်ဘွတ်ခ်ပေါ် ရေးတင်မှုဖြင့် ဓာတ်ပုံသတင်းထောက်ကို ဖမ်းဆီး

ရွှေအောင်
 
 
 
မုံရွာမြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးကို ဖေ့စ်ဘွတ်ပေါ် အစိုးရမေတ္တာပျက်အောင် ရေးတင်တာကြောင့် သက်ဆိုင်ရာက ဖမ်းဆီးအမှုဖွင့်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်မှာ သတင်းရဲတပ်ဖွဲ့က ရဲမှူးမြင့်လွင်က တရားလိုလုပ်ပြီး မုံရွာရဲစခန်းမှာ အမှုဖွင့် ဖမ်းဆီးချုပ်နှောင်ထားပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ မွေးမြူရေးဇုန်၌ သေဆုံးခဲ့သည့် ငုံးနှင့် ဥစားကြက်များ၏ အသားစများကို ဓာတ်ခွဲခန်းများ၌ စစ်ဆေးခဲ့ရာ လူကို ကူးစက်နိုင်သည့် ကြက်ငှက်တုပ်ကွေးရောဂါ (H5N1) ဖြစ်နေကြောင်း


စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ မွေးမြူရေးဇုန်၌  သေဆုံးခဲ့သည့် ငုံးနှင့် ဥစားကြက်များ၏ အသားစများကို ဓာတ်ခွဲခန်းများ၌ စစ်ဆေးခဲ့ရာ လူကို ကူးစက်နိုင်သည့် ကြက်ငှက်တုပ်ကွေးရောဂါ (H5N1) ဖြစ်နေကြောင်း

တိရစ္ဆာန်မွေးမြူရေး နှင့်ကုသရေး ဦးစီးဌာနမှ ဖေဖော်ဝါရီ ၂၅ ရက်တွင် အတည်ပြု ခဲ့ပြီး အဆိုပါ ရောဂါကို ထိန်းချုပ်နိုင်ရန် ပြည်ထောင်စုအဆင့်သတ်မှတ်ဆောင်ရွက်နေကြောင်း သိရသည်။

Thursday, February 26, 2015

ပန်းဆေးဒေသ၊ တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲဆက်လက်ပြင်းထန်

ပန်းဆေးဒေသ၊ တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲဆက်လက်ပြင်းထန်

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်

တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ်၊ ပန်ဆေးဒေသ၊ ပန်မောဝ်ကျေးရွာအနီးတွင် ယနေ့ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၀၈း၁၅ နာရီမှ ယခုအချိန်ထိ တအာင်းတပ်မတော် တပ်မဟာ(၁) လက်အောက်ခံ တပ်ရင်း (၁၀၁)နှင့် မြန်မာ့တပ်မတော် တပ်မ(၈၈/၆၆)၊ ပန်ဆေးပြည်သူ့စစ် အဖွဲ့တို့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

မုံရွာတွင် ကြက်တုပ်ကွေးဖြစ်ပွား၍ ကြက်၊ငုံး အကောင်ရေ တစ်သောင်းကျော် သေဆုံး

မုံရွာတွင် ကြက်တုပ်ကွေးဖြစ်ပွား၍ ကြက်၊ငုံး အကောင်ရေ တစ်သောင်းကျော် သေဆုံး

ဖေဖော်ဝါရီ ၂၅။ မုံရွာ ။ငြိမ်းဈာန်သက်။

စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့တွင်ကြက်ငှက်တုပ်ကွေး ကြောင့်မုံရွာခရိုင် မွေးမြူရေး အထူးဇုန်မှကြက်နှင့် ငုံးကောင်ရေ တစ်သောင်းကျော်သေဆုံးခဲ့ကြောင်းတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီးဌာနမှ သိရသည်။

ဖဖော်ဝါရီ လ ဆန်းပိုင်းမှစ၍ ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ ကြက်အကော င်ရေ ၇၀၀ နှင့် ငုံအကောင်ရေ ၁၀၀၀၀ သေဆုံးခဲ့ရာ H5N1ဗိုင်းရပ်စ်ကူး စက် ခံရခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးတောင်ခြေ၊ နံပတ်တူ စလွန်းကား ၃-စီးတွေ့ရှိမှု ရှာဖွေစုံစမ်းနေ

မန္တလေးတောင်ခြေ၊ နံပတ်တူ စလွန်းကား ၃-စီးတွေ့ရှိမှု ရှာဖွေစုံစမ်းနေ။
ဖေဖေါ်ဝါရီ ၂၆ ။

မန္တလေးတောင်ခြေအနီး ၊ရတနာပုံစံကျောင်းမြောက်ဘက် တွင် ဖေဖေါ်ဝါရီ ၂၃ရက်၊မွန်းလွဲပိုင်းလောက်က နံပတ်တူ စလွန်းကား ၃-စီး ယှဉ်လျက် ရပ်ထားသဖြင့် သတင်းထောက်တစ်ဦး က သွားရောက်စုံစမ်းခဲ့ပြီး ဖေ့စ်ဘုတ်သို့ တင်ခဲ့ရာမှ သက်ဆိုင်ရာတို့ သိရှိကာ ရှာဖွေ ဖေါ်ထုတ်နေပြီဖြစ်ကြောင်း သိ၇သည်။

Wednesday, February 25, 2015

ကျုံးပတ်လည် သင်္ကြန်မဏ္ဍပ် ကျပ်သိန်း ၂ဝ အာမခံငွေ တင်ရမည်


ကျုံးပတ်လည် သင်္ကြန်မဏ္ဍပ် ကျပ်သိန်း ၂ဝ အာမခံငွေ တင်ရမည်


၂ဝ၁၅ ခုနှစ် မန္တလေးမြို့တော် သင်္ကြန်ပွဲတော်၌ ကျုံးပတ်လည် တွင် မဏ္ဍပ် ဆောက်လုပ်ခွင့် ရရှိသူများသည် အာမခံငွေ   ကျပ် သိန်း ၂ဝ တင်သွင်းထားရမည် ဖြစ်သည်။

စည်းကမ်းချက် တစ်ချက်ချက် ဖောက်ဖျက်ပါက အာမခံငွေထဲမှ ဒဏ်ရိုက်ခြင်း၊ စည်ပင်သာယာ ဥ ပဒေအရ တရားစွဲဆိုခြင်းတို့ ပြု လုပ်သွားမည် ဖြစ်ကြောင်း၊ မန္တ လေး မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

လေ့ကျင့်ရေး ဂျက်တိုက်လေယာဉ်နှင့် သယ်ယူပို့ဆောင်ရေး လေယာဉ်များ တပ်တော်ဝင်


လေ့ကျင့်ရေး ဂျက်တိုက်လေယာဉ်နှင့် သယ်ယူပို့ဆောင်ရေး လေယာဉ်များ တပ်တော်ဝင်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

 
မြန်မာတပ်မတော်(လေ) မှ ၀ယ်ယူထားသည့် K-8W လေ့ကျင့်ရေးဂျက်လေယာဉ်၊ ATR-42 သယ်ယူပို့ ဆောင်ရေးလေယာဉ်၊ BEECH – 1900 D သယ်ယူပို့ဆောင်ရေးလေယာဉ်များ တပ်တော်ဝင် သည့် အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် မိထ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင်လေတပ်စခန်း၌ ကျင်းပကြောင်းသိရသည်။

တစ်ကိုယ်လုံး ချွတ် အိပ်ခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ


တစ်ကိုယ်လုံး ချွတ် အိပ်ခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

ကိုယ်တုံးလုံးနဲ့ အိပ်ဖူးပါသလား။ လူတိုင်း အနည်းဆုံး တစ်သက်မှာ တစ်ခါလောက်တော့ ကိုယ်တုံးလုံး အိပ်ဖူးကြမယ် ထင်ပါတယ်။ မိမိရဲ့အလေ့အကျင့်တွေကို ပြောင်းလဲဖို့ မလွယ်ကူပေမယ့် ကျင့်သားရလာပြီဆိုရင် သက်သောင့်သက်သာရှိမှု သာမက ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်လာစေမှာဖြစ်တယ်။

အဝတ်အစားချွတ်ပြီး ကိုယ်တုံးလုံးအိပ်ခြင်းမှ ရရှိတဲ့ အကျိုးကျေးဇူး (၅) မျိုး ရှိပါတယ်။

ကွမ်းကြောင့် ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ပညာပေးရေး လွှတ်တော်တွင် ဆွေးနွေး


ကွမ်းကြောင့် ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ပညာပေးရေး လွှတ်တော်တွင် ဆွေးနွေး

ဖေဖေါ်ဝါရီ ၂၅၊ ၂၀၁၅

ကွမ်းစားခြင်းကြောင့် ကျန်းမာရေး၊ စီးပွားရေး ထိခိုက်စေပြီး ပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းစေကာ၊ လူ၏ ဥပဓိရုပ်ကိုလည်း ထိခိုက်စေသည်အပြင် နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေကြောင်း ထို့အတွက် ပညာပေးဆွေးနွေး များ ပြုလုပ်ခြင်းရှိမရှိ ယမန်နေ့က အမျိုးသားလွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၃ မှ ဦးဖုန်းမြင့်အောင်က တင်ပြဆွေးနွေးကြောင်း၊ ကျန်းမာရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာဝင်းက ကွမ်းစား ခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်ပေါ်ရေးနှင့် ကွမ်းစားမှုကြောင့် ဖြစ်ပေါ်လာသည့် ရောဂါအန္တရာယ် များကို အသိပေးခြင်းများ ဆောင်ရွက်နေကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။

Irrawaddy 

Monday, February 23, 2015

Shell Myanmar Energy က ကမ်းလွန်လုပ်ကွက် သုံးခုတွင် ရေနံနှင့် ဓာတ်ငွေ့ လေ့လာရေးနှင့် ရှာဖွေရေး လုပ်ငန်းအတွက် ဒေါ်လာ ၁၂၁၅ သန်း သုံးစွဲမည်

Shell Myanmar Energy က ကမ်းလွန်လုပ်ကွက် သုံးခုတွင် ရေနံနှင့် ဓာတ်ငွေ့ လေ့လာရေးနှင့် ရှာဖွေရေး လုပ်ငန်းအတွက် ဒေါ်လာ ၁၂၁၅ သန်း သုံးစွဲမည်

Shell Myanmar Energy ကုမ္ပဏီအ နေဖြင့် ကမ်းလွန်ရေနံနှင့် ဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်းများအတွက် ဒေါ်လာ ၁၂၁၅ သန်း သုံးစွဲသွားမည်ဖြစ်ပြီး Signature Bonus အဖြစ် ဒေါ်လာ ၆၁ သန်း ပေးအပ်သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
Shell Myanmar Energy ကုမ္ပဏီအနေဖြင့် ရခိုင်ကမ်းလွန်ရှိ AD-9၊ AD-11 နှင့် တနင်္သာရီကမ်းလွန်ရှိ MD-5 လုပ်ကွက်များတွင် လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်ပြီး ထုတ် လုပ်မှုအပေါ် ခွဲဝေခံစာရေးစာချုပ်ကို စွမ်းအင်ဝန်ကြီးဌာနနှင့် ဖေဖော်ဝါရီ ၅ ရက်က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

လောက်ကိုင်အကျဉ်းထောင်မှ အကျဉ်းသူများ တင်ဆောင်လာသောယာဉ် ပစ်ခတ်ခံရ

လောက်ကိုင်အကျဉ်းထောင်မှ အကျဉ်းသူများ တင်ဆောင်လာသောယာဉ် ပစ်ခတ်ခံရ

ကွမ်းလုံ၊ ဖေဖော်ဝါရီ ၂၃

လောက်ကိုင်အကျဉ်းထောင်မှ လားရှိုးထောင်သို့ ပြောင်းရွှေ့လာသည့် အကျဉ်းသူ အမျိုးသမီးများ သယ်ဆောင်လာသည့် ယာဉ်ကို ကိုးကန့်တိမ်းရှောင် အဖွဲ့က ဖေဖော်ဝါရီလ ၂၃ ရက် ညနေ ၄ နာရီ ဝန်းကျင်ခန့်တွင် လုံးထန်နှင့် ပါစင်ကျော် အကြား၌ ချောင်းမြောင်းပစ်ခတ်မှုကြောင့် အကျဉ်းသူ အမျိုးသမီး ၄၀ ကျော် ဒဏ်ရာရရှိကြောင်း နယ်မြေခံ တပ်မတော်တပ်ရင်းထံမှ သတင်းရရှိသည်။

အီဘိုလာရောဂါအတွက် ၁၅ မိနစ် သွေးစစ်နည်းကို WHO အတည်ပြု

အီဘိုလာရောဂါအတွက် ၁၅ မိနစ် သွေးစစ်နည်းကို WHO အတည်ပြု
============================================
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၃

အီဘိုလာရောဂါ ရှိ၊မရှိသွေး စစ်ရာတွင် အမြန်ဆုံးစစ်ပေးနိုင် သော ပထမဆုံးနည်းကို အသုံးပြု နိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က အတည်ပြုပေးလိုက် ကြောင်းသိရသည်။
ရောဂါရှိ၊ မရှိသိနိုင်ရန် သွေး ကို အမြန်ဆုံးစစ်ပေးနိုင်သောကြောင့် ရောဂါရှိသူ လူနာကို အမြန်ဆုံးသိ နိုင်ပြီး လူနာကို သီးသန့်ခွဲထားကာ ဆေးဝါးကုသ ကြည့်ရှုစောင့်ရှောက် မှု လျင်မြန်စွာ ပေးနိုင်သဖြင့် အီဘို လာရောဂါဖြစ်ပွားမှုကို လျင်မြန်စွာ အဆုံးသတ်စေနိုင်သည်။ အာဖရိ က အနောက်ပိုင်းနိုင်ငံများတွင် အီ ဘိုလာရောဂါ ဖြစ်ပွားမှုကြောင့် လူ ၉၃ဝဝကျော် သေဆုံးခဲ့ရသည်။

အစိုးရ အဖွဲ့အစည်းများက ကျူးလွန်သော အဓမ္မခိုင်းစေမှု မြန်မာတစ်နိုင်ငံသာရှိဟု ILO အရာရှိဆို

အစိုးရ အဖွဲ့အစည်းများက ကျူးလွန်သော အဓမ္မခိုင်းစေမှု မြန်မာတစ်နိုင်ငံသာရှိဟု ILO အရာရှိဆို

 ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

နိုင်ငံတကာတွင် အဓမ္မခိုင်းစေမှုများ ရှိနေသော်လည်း အစိုးရနှင့် သက်ဆိုင်ရာ အာဏာပိုင်များက အဓမ္မခိုင်းစေမှု ကျူးလွန်ခြင်းမှာ မြန်မာတစ်နိုင်ငံတည်းတွင်သာ ကျန်ရှိနေသေးခြင်း ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယ ဆက်သွယ်ညှိနှိုင်းရေး အရာရှိ ပီရာမာလ်ပီချိုင်ဝန်းက ပြောကြားသည်။

မန္တလေးမြို့တွင်း သွားလာနေသည့် တရုတ်အက္ခရာပါ ကားနံပါတ်များမှာ ခရီးသွားကားများဟု ဆို


မန္တလေးမြို့တွင်း သွားလာနေသည့် တရုတ်အက္ခရာပါ ကားနံပါတ်များမှာ ခရီးသွားကားများဟု ဆို

Written by အောင်ကိုဦး
Monday, 23 February 2015

မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးမြို့တွင်းသို့ တရုတ်နိုင်ငံမှ မော်တော်ယာဉ် နံပတ်များဖြင့် ဝင်ရောက်လာသည့် မော်တော်ယာဉ်များသည် သက်ဆိုင်ရာ ခရီးသွားလာရေး ကုမ္ပဏီများမှ တရားဝင်ခွင့်ပြုချက်ဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း မန္တလေး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြောသည်။

မန္တလေးမြို့တွင်း တွေ့ရသည့် တရုတ်အက္ခရာပါ နံပါတ်တပ်ဆင်ထားသော
မော်တော်ယာဉ် တစ်စီးကို တွေ့ရစဉ်။ (ဓာတ်ပုံ အောင်ကိုဦး၊ မဇ္ဈိမ)

လောက်ကိုင်-တာရွေထန် လမ်းကြောင်းရှိ စစ်ရေးဗျူဟာအရ အရေးကြီးသော တောင်ကုန်းများကို တပ်မတော်က ပြန်လည်သိမ်းပိုက်


လောက်ကိုင်-တာရွေထန် လမ်းကြောင်းရှိ စစ်ရေးဗျူဟာအရ အရေးကြီးသော တောင်ကုန်းများကို တပ်မတော်က ပြန်လည်သိမ်းပိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့် လက်နက်ကိုင်အဖွဲ့က ယာယီခြေကုပ်ယူ ထားသည့် စစ်ရေးဗျူဟာအရ အရေးကြီးသော လောက်ကိုင်-ကွမ်းလုံ လမ်းကြောင်းပေါ်ရှိ တောင်ကုန်းများကို တပ်မတော်စစ်ကြောင်းများက ဖေဖော်ဝါရီလ ၂၂ ရက်နေ မွန်းလွဲပိုင်းမှ စတင်ကာ လေကြောင်း ပစ်ကူများရယူ၍ ပြန်လည် သိမ်းပိုက်ထားပြီ ဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်သည်။

အမျိုးသမီး ခုနစ်ထောင်ခန့် ပါဝင်သော စုပေါင်း လမ်းလျှောက်ပွဲ ကျင်းပ


အားကစားဝန်ကြီးဌာနနှင့်   Mega Lifesciences  Ltd..  တို့ ပူးပေါင်းစီစဉ်ပြီး မြန်မာနိုင်ငံတွင်   ဒုတိယအကြိမ်  ကျင်းပသည့်  အမျိုးသမီး စုပေါင်း လမ်းလျှောက်ပွဲ   (Walkathon) ကို
ယနေ့ နံနက်ပိုင်းတွင် အမျိုးသား အားကစား ပြိုင်ပွဲရုံ-၁(သုဝဏ္ဏ) ရှေ့၌ ကျင်းပသည်။ အဆိုပါ   စုပေါင်း လမ်းလျှောက်ပွဲသည် သုဝဏ္ဏ အားကစားပြိုင်ပွဲရုံ ရှေ့မှ စတင်၍ ဝေဇယန္တာလမ်း အတိုင်း သစ္စာ လမ်းဆုံအထိ အသွားအပြန် ၅ ကီလိုမီတာ အပြည့်ဖြစ်သည်။ လမ်းတစ် လျှောက်၌  အဆိုတော် နီနီခင်ဇော်၊ သရုပ်ဆောင် မိုးယုစံနှင့် မော်ဒယ်လ် တင်မိုးလွင်တို့က ပါဝင် ဆင်နွှဲသူများကို အားပေး နှုတ်ဆက်ကြပြီး လမ်းတစ်လျှောက် ဓာတ်ဆားရည်နှင့် ရေသန့်ဘူးများ ပံ့ပိုးပေးကြသည်။

Sunday, February 22, 2015

ရတနာပုံတက္ကသိုလ်မှာ ပညာရေးသပိတ် ထောက်ခံဆန္ဒပြ

ဒီကနေ့ မနက် ၉ နာရီက ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ရန်ကုန်သို့ချီတက်နေတဲ့ သပိတ်မှောက်စစ်ကြောင်းကို ထောက်ခံကြောင်းနဲ့ တောင်းဆိုနေတဲ့ အချက်(၁၁ )ကို ရှင်းလင်းပြောကြားကာ ရတနာပုံတက္ကသိုလ်အတွင်းလှည့်လည် ဆန္ဒဖော်ထုတ်ပါတယ်။

 Photo: Mandalay Khit

လောက်ကိုင်တွင် ဖြစ်နေသည့်တိုက်ပွဲများ ပြည်ပနိုင်ငံမှ ဝင်ရောက် စွက်ဖက်ပါက လက်မခံနိုင်ဟု UNFC ပြော


လောက်ကိုင်တွင် ဖြစ်နေသည့်တိုက်ပွဲများ ပြည်ပနိုင်ငံမှ ဝင်ရောက် စွက်ဖက်ပါက လက်မခံနိုင်ဟု UNFC ပြော

Written by  ဖနိဒါ
ချင်းမိုင် (မဇ္ဈိမ)။ ။ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ပြည်ပနိုင်ငံမှ ဝင်ရောက်စွက်ဖက်သည်ဟူသည့် စွပ်စွဲချက်များကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ငြင်းဆိုလိုက်ပြီး ထိုအခြေအနေမျိုး ပေါ်ပေါက်လာပါက လက်ခံမည်မဟုတ်ဟု UNFC တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောဆိုလိုက်သည်။

U-Khon-Okkar

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်မှုကြောင့် အစိုးရတပ်သား နှစ်ဦးကျ



ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်မှုကြောင့် အစိုးရတပ်သား နှစ်ဦးကျ

ရှမ်းပြည်နယ်မြောက်ပိုင်း စိန်လီမြို့ နှင့် ကွမ်လုံမြို့ကြားရှိ ဘန်နားကျေးရွာသွားရာလမ်းတွင် ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ တွင် ၁၅မိနစ် ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရစစ်တပ်မှ တပ်သား နှစ်ဦးကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အစိုးရတပ်မှ စစ်ကား ၁၀စီးဖြင့် စစ်ကြောင်းသွားရာ လမ်း၌ ရှမ်းတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့မှ စောင့်ကြို တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရသည်။

Wednesday, February 18, 2015

ရွှေပြည်သာ အလုပ်သမားများ လစာတိုးရေး ညှိနှိုင်းမရ၍ သပိတ်အရှိန်မြှင့်မည်


ရွှေပြည်သာ အလုပ်သမားများ လစာတိုးရေး ညှိနှိုင်းမရ၍ သပိတ်အရှိန်မြှင့်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ 
 
အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုသပိတ်မှောက်နေသည့် ရွှေပြည်သာမြို့နယ်ရှိ စက်ရုံ သုံးခုမှ အလုပ်သမားများ၊ အလုပ်ရှင်နှင့် အစိုးရတို့ ဖေဖော်ဝါရီ ၁၈ ရက်တွင် ဒုတိယမြောက်နေ့ ဆက်လက်ဆွေးနွေးရာ ပြေလည်မှုမရဘဲ အလုပ်ရှင်ဘက်မှ ယတိပြတ်ငြင်းလိုက်သဖြင့် သပိတ်အရှိန်ကို ဆက်လက်မြှင့်တင်သွားမည်ဟု ရွှေပြည်သာ အထည်ချုပ်စက်ရုံ အလုပ်သမားများ သမဂ္ဂ ဥက္ကဌ ကိုမျိုးမင်းက မဇ္ဈိမကို ပြောသည်။

အချောလှဆုံးသော ရာသီခွင်ပိုင်ရှင်


 
အချောလှဆုံးသော ရာသီခွင်ပိုင်ရှင်
======================

မိန်းမချောလေးတွေကိုမွေးထုတ်ပေးသော ရာသီခွင် နံပါတ် ၁ ကတော့

၀၁. တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း

၀၂. မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း

၀၃. သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း

ဆီးချိုရောဂါအတွက် ခရေရွက်


ဒီဆေးနည်းကတော့ အလွန်ကို လွယ်ကူသက်သာပြီး အကုန်အကျနည်းသလောက် ဆီးချိုရောဂါအတွက် တကယ်ကိုထိရောက်စေသည့် ဆေးနည်းကောင်းလေး တစ်လက်ပါပဲ။...

ဒီဆေးနည်းကို ဆရာတော်ဦးကုမာရ၏ ဖေ့ဘုတ်စာမျက်နှာပေါ်မှ ကိုးကား၍ မဖတ်ရသေးတဲ့ ဆီးချိုဝေဒနာရှင်များအတွက် ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်။

ပဲနို့


ပဲပိစပ်ရဲ့ Isoflavones ကခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့ပြီးဖြစ်ပေါ်လာတဲ့ အရေးအကြောင်းတွေကို လျော့ချပေးနိုင်တယ်လို့ Journal of the American Collage of Nutrition ကပညာရှင်တွေပြောဆိုထားပါတယ်။ ဒါ့အပြင် အရေးပြားကို နူးညံ့ပြီးတင်းရင်းစေနိုင်တဲ့ Collage တွေပြိုကွဲပျက်စီးမှုကိုလည်း Isoflavones ကတားဆီးပေးပါတယ်။ 

ဒါ့ကြောင့် ပျော့တွဲပြီးအရေးအကြောင်းတွေ ရှိတဲ့အသားအရေကြောင့် ကိုယ့်ရဲ့တတိယအရွယ်ကိုရင်ဆိုင်ဖို့ တွေးကြောက်မနေပဲ 'ပဲနို့' ကို မကြာခဏသောက်သုံးခြင်းဖြင့် အိုမင်းရင့်ရော်မှုကို ကြိုတင်ကာကွယ်နိုင်ပါတယ်။

Credit : ကျန်းမာရေးနှင့်အစားအသောက်များ