Thursday, March 5, 2015

မတ်လ ၆ ရက် လက်ပံတန်းမှာ ဗကသ ၃ ယောက်အဖမ်းခံရ




၆ မတ် ၂၀၁၅

လက်ပံတန်း မြို့ မှာ ဒီနေ့ မနက် က ဗကသ ကျောင်းသား သုံးယောက်ဖမ်းဆီးသွားပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ကို ရဲရင့်ပိုင်မှုး ၊ ကို အောင်မင်းထက် နဲ့  မအိသဇာမောင် ဖြစ်ပါတယ်။ သူတို့ ဟာ လက်ပံတန်းဈေးရှေ့မှာမနေ့က ရန်ကုန်အကြမ်းဖက်မှုအကြောင်း ပြည်သူတွေကိုရှင်းပြနေစဉ် ၀င်အဖမ်းခံခဲ့ရတာပါ။ သတင်းထောက်တွေကိုလည်းတားဆီဟန့် တားခံရမူ့ တွေ ရှိပီး ဧရာဝတီသတင်းထောက် တယောက်ကို ဖမ်းဆီးသွားခဲ့လို့  အနားမှာရှိတဲ့ သတင်းထောက်တွေ ပြန်ဆွဲခေါ်ဆောင်လာခဲ့ရပါတယ်။



 
သတင်း DVB
ဓါတ်ပုံ ပြည်ကျော်


မတ်လ ၆ ရက် ယနေ့နံနက် ၉ နာရီခန့်က လက်ပံတန်းမြို့ ဈေးအနီးတွင် ဒီမိုကရေစီပညာရေး ပင်မသပိတ်စခန်းမှ ကျောင်းသား ၄ ဦးနှင့် ကျောင်းသူ ၁ ဦးတို့ သည် ၄င်းတို့ ပိတ်ဆို့ခံထားရသည့် အခြေအနေနှင့် ရန်ကုန်မြို့တွင် ကျောင်းသားများအား အကြမ်းဖက် ဖမ်းဆီးသည့် ဖြစ်စဉ်များကို ရှင်းလင်းပြောကြား ဆန္ဒပြမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဆန္ဒပြသည့်နေရာသို့ ရဲတပ်ဖွဲ့၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အရပ်ဝတ်အချို့ ရောက်ရှိလာပြီး ယင်းသို့ မပြုလုပ်ရန် ပြောဆိုခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများကို ကားပေါ်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။









Eleven Media Group

No comments:

Post a Comment