မန္တလေးမြို့တွင်း သွားလာနေသည့် တရုတ်အက္ခရာပါ ကားနံပါတ်များမှာ ခရီးသွားကားများဟု ဆို
Written by အောင်ကိုဦး
Monday, 23 February 2015
မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးမြို့တွင်းသို့ တရုတ်နိုင်ငံမှ မော်တော်ယာဉ် နံပတ်များဖြင့် ဝင်ရောက်လာသည့် မော်တော်ယာဉ်များသည် သက်ဆိုင်ရာ ခရီးသွားလာရေး ကုမ္ပဏီများမှ တရားဝင်ခွင့်ပြုချက်ဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း မန္တလေး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြောသည်။
Written by အောင်ကိုဦး
Monday, 23 February 2015
မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးမြို့တွင်းသို့ တရုတ်နိုင်ငံမှ မော်တော်ယာဉ် နံပတ်များဖြင့် ဝင်ရောက်လာသည့် မော်တော်ယာဉ်များသည် သက်ဆိုင်ရာ ခရီးသွားလာရေး ကုမ္ပဏီများမှ တရားဝင်ခွင့်ပြုချက်ဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း
![]() |
မန္တလေးမြို့တွင်း တွေ့ရသည့် တရုတ်အက္ခရာပါ နံပါတ်တပ်ဆင်ထားသော မော်တော်ယာဉ် တစ်စီးကို တွေ့ရစဉ်။ (ဓာတ်ပုံ အောင်ကိုဦး၊ မဇ္ဈိမ) |
အဆိုပါ တရုတ်နိုင်ငံ ယာဉ်နံပတ်များဖြင့် မန္တလေးမြို့တွင်း
ရောက်ရှိလာသည်ကို လူမှုကွန်ယက် စာမျက်နှာများတွင် ဝေဖန်ချက်အမျိုးမျိုးဖြင့်
ဖော်ပြထားကြောင်း ယင်းကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။
မြို့ခံရှေ့နေ ဦးနိုင်စိုးက ''ဒီကားတွေက တရုတ်ကားနံပတ်တွေနဲ့ မြို့ထဲမှာတွေ့ လိုက်ရတော့ လောက်ကိုင် ကိစ္စနဲ့ ဆက်စပ်ပြီး စိုးရိမ်ကြတယ်။ မဖမ်းဘူးလား၊ ဘာလားပေါ့။ ခရီးသွားအနေနဲ့ တရားဝင် သတင်းမီဒီ ယာကနေ အသိပေးသင့်တာပေါ့'' ဟု ပြောသည်။
ဒု-ရဲမှူး ဝင်းသိန်းက ''တရားဝင်ခွင့်ပြုချက်နဲ့ ဝင်ရောက်လာတာဖြစ်တယ်။ ခရီးသွားကုမ္ပဏီနဲ့ သက်ဆိုင်ရာ သာမက ကျွန်တော်တို့ကိုလည်း အကြောင်းကြားထားတယ်။ မန္တလေးသာ မဟုတ်ဘူး။ တခြားမြို့တွေကို လည်ပတ်လေ့လာကြမယ်လို့ သိရတယ်'' ဟု ပြောသည်။
တရုတ်နိုင်ငံသားများက နိုင်ငံခြားရေးဝန်ကြီးဌာနနှ င့် လုပ်ငန်းစဉ်အရ ဆက်သွယ်ဆောင်ရွက်ကာ ခရီးသွား ကုမ္ပဏီသုံးခုမှ မြန်မာပြည်တွင်း လေ့လာရေးအတွက် ဝန်ဆောင်မှုပေးခြင်းဖြစ်ကြော င်း၊ ယင်းတို့သည် ရွှေလီမြို့မှ မူဆယ်လမ်းကြောင်းအတိုင်း ကိုယ်ပိုင်မော်တော်ယာဉ်များ ဖြင့် ဖေဖော်ဝါရီ ၁၈ ရက်မှ စ၍ ဝင်ရောက်လာကြောင်း ၎င်းက ဆိုသည်။
ယာဉ်ထိန်းရဲ တစ်ဦးက ''ဖေ့စ်ဘုတ်မှာ ဘာလို့မဖမ်းတာလဲ ဆိုတာမျိုးတွေ တွေ့ရတယ်။ တရားဝင်ရောက် လာတာဆိုတော့ မလိုပါဘူး။ ဒီလိုပဲ ဇန်နဝါရီလကလည်း ဂျာမဏီနိုင်ငံသား ဦးဆောင်တဲ့ နိုင်ငံတကာက ခရီးသွားတွေလည်း သူတို့နိုင်ငံကားတွေနဲ့ မန္တလေးနဲ့ မြန်မာနိုင်ငံအနှံ့ လေ့လာကြတာရှိတယ်'' ဟု ပြော သည်။
တရုတ်နိုင်ငံသား ခရီးသွားများကို ပြည်တွင်း ခရီးသွားကုမ္ပဏီသုံးခုမှ ခရီးသွားသူများက ကိုယ်ပိုင်မော်တော်ယာဉ် ၂၆ စီးနှင့် ခရီးသွား ၆၄ ဦးတို့နှင့် အတူ ကုမ္ပဏီမှ စကားပြန်များဖြင့် မူဆယ်၊ လားရှိုး၊ ပြင်ဦးလွင်၊ မန္တလေး၊ ပုဂံ၊ နေပြည်တော်၊ ရန်ကုန်၊ ချောင်းသာ၊ အင်းလေး စသည့် ဒေသများသို့ လည်ပတ်လေ့ လာကြမည်ဖြစ်သည်။
မန္တလေးမြို့ခံ ခရီးသွားကုမ္ပဏီ မန်နေဂျာတစ်ဦးက ''အိမ်နီးချင်းနိုင်ငံတွေကို
ကျွန်တော်တို့ နိုင်ငံသား တစ် ယောက်က ကိုယ်ပိုင်ကားနဲ့ မောင်းဝင်ဖို့
ခက်ခဲတယ်။ သူတို့ နိုင်ငံရဲ့ မူဝါဒနဲ့ တခြားအခက်အခဲ တွေရှိ တယ်။
မောင်းခွင့်ရရင်လည်းသူ့နိုင်ငံလမ်းတွေမှာ
မမောင်းတတ်လို့ တစ်ခုခုဖြစ်မှာ စိုးရိမ်တာလည်းပါမယ် ။ တချို့ခရီးသွား
ကုမ္ပဏီတွေကလည်း တခြားနိုင်ငံကို ခုလိုမော်တော်ယာဉ်နဲ့ သွားနိုင်အောင်
စီစဉ်နေ တယ်ကြားတယ်'' ဟု ပြောသည်။
ဇန်နဝါရီ ၂၄ ရက်က မြန်မာနိုင်ငံ Journey Adventure Travelling Co.Ltd အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံမှ ကိုယ်ပိုင်မော်တော်ယာဉ်များ
ရောက်ရှိခဲ့ပြီး မန္တလေးမြို့သို့ ဇန်နဝါရီလ ၂၉ ရက်တွင် ရောက်ရှိဖူးသည်။
ထိုခရီးသွားအဖွဲ့သည် ကလော၊ ညောင်ရွှေ၊ အင်းလေး၊ နေပြည်တော်၊ ရန်ကုန်
စသည်မြို့များကိုဖြတ်ကာ ထိုင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာသွားခဲ့ခြင်း
ဖြစ်သည်။
Source:Mizzima
မြို့ခံရှေ့နေ ဦးနိုင်စိုးက ''ဒီကားတွေက တရုတ်ကားနံပတ်တွေနဲ့ မြို့ထဲမှာတွေ့ လိုက်ရတော့ လောက်ကိုင် ကိစ္စနဲ့ ဆက်စပ်ပြီး စိုးရိမ်ကြတယ်။ မဖမ်းဘူးလား၊ ဘာလားပေါ့။ ခရီးသွားအနေနဲ့ တရားဝင် သတင်းမီဒီ ယာကနေ အသိပေးသင့်တာပေါ့'' ဟု ပြောသည်။
ဒု-ရဲမှူး ဝင်းသိန်းက ''တရားဝင်ခွင့်ပြုချက်နဲ့ ဝင်ရောက်လာတာဖြစ်တယ်။ ခရီးသွားကုမ္ပဏီနဲ့ သက်ဆိုင်ရာ သာမက ကျွန်တော်တို့ကိုလည်း အကြောင်းကြားထားတယ်။ မန္တလေးသာ မဟုတ်ဘူး။ တခြားမြို့တွေကို လည်ပတ်လေ့လာကြမယ်လို့ သိရတယ်'' ဟု ပြောသည်။
တရုတ်နိုင်ငံသားများက နိုင်ငံခြားရေးဝန်ကြီးဌာနနှ
ယာဉ်ထိန်းရဲ တစ်ဦးက ''ဖေ့စ်ဘုတ်မှာ ဘာလို့မဖမ်းတာလဲ ဆိုတာမျိုးတွေ တွေ့ရတယ်။ တရားဝင်ရောက် လာတာဆိုတော့ မလိုပါဘူး။ ဒီလိုပဲ ဇန်နဝါရီလကလည်း ဂျာမဏီနိုင်ငံသား ဦးဆောင်တဲ့ နိုင်ငံတကာက ခရီးသွားတွေလည်း သူတို့နိုင်ငံကားတွေနဲ့ မန္တလေးနဲ့ မြန်မာနိုင်ငံအနှံ့ လေ့လာကြတာရှိတယ်'' ဟု ပြော သည်။
တရုတ်နိုင်ငံသား ခရီးသွားများကို ပြည်တွင်း ခရီးသွားကုမ္ပဏီသုံးခုမှ ခရီးသွားသူများက ကိုယ်ပိုင်မော်တော်ယာဉ် ၂၆ စီးနှင့် ခရီးသွား ၆၄ ဦးတို့နှင့် အတူ ကုမ္ပဏီမှ စကားပြန်များဖြင့် မူဆယ်၊ လားရှိုး၊ ပြင်ဦးလွင်၊ မန္တလေး၊ ပုဂံ၊ နေပြည်တော်၊ ရန်ကုန်၊ ချောင်းသာ၊ အင်းလေး စသည့် ဒေသများသို့ လည်ပတ်လေ့ လာကြမည်ဖြစ်သည်။
မန္တလေးမြို့ခံ ခရီးသွားကုမ္ပဏီ မန်နေဂျာတစ်ဦးက ''အိမ်နီးချင်းနိုင်ငံတွေကိ
ဇန်နဝါရီ ၂၄ ရက်က မြန်မာနိုင်ငံ Journey Adventure Travelling Co.Ltd အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံမှ ကိုယ်ပိုင်မော်တော်ယာဉ်များ
Source:Mizzima
No comments:
Post a Comment