Monday, February 23, 2015

အီဘိုလာရောဂါအတွက် ၁၅ မိနစ် သွေးစစ်နည်းကို WHO အတည်ပြု

အီဘိုလာရောဂါအတွက် ၁၅ မိနစ် သွေးစစ်နည်းကို WHO အတည်ပြု
============================================
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၃

အီဘိုလာရောဂါ ရှိ၊မရှိသွေး စစ်ရာတွင် အမြန်ဆုံးစစ်ပေးနိုင် သော ပထမဆုံးနည်းကို အသုံးပြု နိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က အတည်ပြုပေးလိုက် ကြောင်းသိရသည်။
ရောဂါရှိ၊ မရှိသိနိုင်ရန် သွေး ကို အမြန်ဆုံးစစ်ပေးနိုင်သောကြောင့် ရောဂါရှိသူ လူနာကို အမြန်ဆုံးသိ နိုင်ပြီး လူနာကို သီးသန့်ခွဲထားကာ ဆေးဝါးကုသ ကြည့်ရှုစောင့်ရှောက် မှု လျင်မြန်စွာ ပေးနိုင်သဖြင့် အီဘို လာရောဂါဖြစ်ပွားမှုကို လျင်မြန်စွာ အဆုံးသတ်စေနိုင်သည်။ အာဖရိ က အနောက်ပိုင်းနိုင်ငံများတွင် အီ ဘိုလာရောဂါ ဖြစ်ပွားမှုကြောင့် လူ ၉၃ဝဝကျော် သေဆုံးခဲ့ရသည်။


ယခုတွေ့ရှိသည့် အမြန်ဆုံး သွေးစစ်နည်းသည် တိကျသေချာ မှုတွင် သမားရိုးကျသွေးစစ်နည်းကို မမီချေ။ သို့သော် သွေးစစ်သည့် အ ချိန်၌မူ မိနစ်ပိုင်းမျှဖြင့် ရလဒ်ကိုသိ နိုင်သည်။ နာရီပိုင်းမကြာချေ။
နောက်ဆုံးပေါ်သွေးစစ်နည်း မှာ လျှပ်စစ်ဓာတ်အားမရှိသော် လည်း စစ်ဆေးနိုင်သည်။ သို့ဖြစ်၍ ယင်းနည်းကို ဝေးလံသီခေါင်ရာ အရပ် ဒေသများတွင်လည်း အသုံးပြုနိုင် သည်။
လက်ရှိအီဘိုလာရောဂါအ တွက် သွေးစစ်ရန်ဓာတ်ခွဲခန်းလို သည်။ ရလဒ်သိရှိရန် ၁၂ နာရီမှ ၂၄ နာရီအထိကြာသည်။
ယခုတွေ့ရှိထားသည့် သွေးစစ် နည်းကို ReE BOV Antigen Rapid Test ဟုခေါ်သည်။ အမေရိ ကန်ကုမ္ပဏီ Corgenix ကတီထွင် လိုက်ခြင်းဖြစ်သည်။ ဗိုင်းရပ်စ်ပိုးအ မျိုးမျိုးအတွက် သွေးစစ်နိုင်သည်။
ထိုသွေးစစ်နည်းကို အာဖရိက အနောက်ပိုင်းနိုင်ငံများတွင် စမ်း သပ်ကြည့်ရာ အီဘိုလာရောဂါဖြစ် ပွားနေသူများအနက် ၉၂ရာခိုင်နှုန်း ခန့်ကို မှန်ကန် တိကျစွာဖော်ထုတ် ပေးနိုင်သည်ကိုတွေ့ခဲ့ရသည်ဟု သု တေသီတို့ကဆိုသည်။

BBC

ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment