Wednesday, February 25, 2015

လေ့ကျင့်ရေး ဂျက်တိုက်လေယာဉ်နှင့် သယ်ယူပို့ဆောင်ရေး လေယာဉ်များ တပ်တော်ဝင်


လေ့ကျင့်ရေး ဂျက်တိုက်လေယာဉ်နှင့် သယ်ယူပို့ဆောင်ရေး လေယာဉ်များ တပ်တော်ဝင်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

 
မြန်မာတပ်မတော်(လေ) မှ ၀ယ်ယူထားသည့် K-8W လေ့ကျင့်ရေးဂျက်လေယာဉ်၊ ATR-42 သယ်ယူပို့ ဆောင်ရေးလေယာဉ်၊ BEECH – 1900 D သယ်ယူပို့ဆောင်ရေးလေယာဉ်များ တပ်တော်ဝင် သည့် အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် မိထ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင်လေတပ်စခန်း၌ ကျင်းပကြောင်းသိရသည်။


K-8 W လေယာဉ်များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ CATIC ကုမ္ပဏီနှင့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိ ချုပ်ရုံးတို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းတွင် တပ်ဆင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး၊ စုစုပေါင်း K-8 W လေယာဉ် ၁၈ စီး လွှဲပြောင်းပေး ပြီးဖြစ်ပါကြောင်း မြ၀တီ သတင်းဌာနကဖော်ပြသည်။
 

ယင်း K-8 W လေ့ကျင့်ရေးဂျက်တိုက်လေယာဉ်များသည် အပေါ့စားတိုက်ခိုက်ရေးတာဝန်များကို ထမ်း ဆောင်နိုင်ပြီး ခေတ်မီ အဆင့်မြင့် ရှေ့တန်းဂျက်တိုက်လေယာဉ်များ မောင်နှင်မည့်လေသူရဲများကို ကြားခံ လေ့ကျင့်ပေးနိုင်သော အပေါ့စားတိုက်ခိုက်ရေး အမောင်းသင်ဂျက်လေယာဉ် အမျိုးအစားဖြစ်သည်။
BEECH 1900 D လေယာဉ်များနှင့် ATR 42 လေယာဉ်တို့သည် အလတ်စားသယ်ယူပို့ဆောင်ရေးလေယာဉ် များဖြစ်ပြီး အဓိကပုဂ္ဂိုလ်သယ်ယူပို့ဆောင်ခြင်း၊ ခရီးသည်သယ်ယူပို့ဆောင်ခြင်း၊ လူနာသယ်ဆောင်ခြင်း၊ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခြင်းနှင့် ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခြင်း တာဝန်များကို ထမ်းဆောင်နိုင်ကြောင်းသိရသည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်(လေ) အနေဖြင့် ပတ်ဝန်းကျင် နိုင်ငံ များနှင့် နှိုင်းယှဉ်လျှင် နည်းပညာမျိုးဆက်ကွာဟမှုများ ရှိနေရာမှ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်တွင် ဒုတိယမျိုး ဆက် ဂျက်တိုက်လေယာဉ်များ၊ အလတ်စား သယ်ယူပို့ဆောင်ရေး လေယာဉ်များ၊ ဘက်စုံသုံးစွမ်းရည်မြင့်မား သည့် ရဟတ်ယာဉ်များ အသုံးပြုလာခဲ့ကြောင်း၊ ၂၀၀၁ ခုနှစ်တွင် စတုထ္ထမျိုးဆက် တိုက်လေယာဉ်များ စတင်အသုံးပြုလာနိုင်သည့်အတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများကို အမီလိုက်နိုင်ခဲ့ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထိုနောက် လေယာဉ်/ရဟတ်ယာဉ်များက အုပ်ဖွဲ့ပျံသန်း Fly Past ကြပြီး၊ ဘက်စုံသုံး တိုက်လေယာဉ် များက သရုပ်ပြပျံသန်းကြကြောင်းသိရသည်။






 ဓာတ်ပုံ- ကာကွယ်ရေး ၀န်ကြီးဌာန

Irrawaddy 

No comments:

Post a Comment