Saturday, February 28, 2015

ပြည်သူ့ပိုက်ဆံဖြင့် အစိုးရများ ဝန်ဆောင်မှုပေးခြင်းကို သတိရရန် ဒေါ်အောင်ဆန်းစုကြည်ပြော


Saturday, February 21, 2015

မည်သည့်အစိုးရဖြစ်စေ ပြည်သူလူထုအတွက် လုပ်ဆောင်ပေးမှုမှန်သမျှ ၎င်းတို့ပိုက်ဆံဖြင့် စိုက်ထုတ်လုပ်ဆောင်ခြင်းမဟုတ်ဘဲ ပြည်သူလူထုဆီမှ ပိုက်ဆံဖြင့်သာလုပ်ပေးခြင်းဆိုသည် ကို သိနိုင်ရန် သတိပေးလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

ပြည်ခိုင်ဖြိုး ပါတီခေါင်း ဆောင်တစ်ဦးဖြစ်သော ဦးဌေးဦး၏ မဲဆန္ဒနယ်ဖြစ်သည့် ဟင်္သာတမြို့သို့ ဖေဖော်ဝါရီ ၂၈ ရက်က ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစု ကြည်က ယင်းကဲ့သို့ ပြောကြား လိုက်ခြင်းဖြစ်သည်။


‘‘ကျွန်မ သတိတော့ပေးရ မယ်။ ဘယ်အစိုးရမဆိုပေါ့နော် အခုအစိုးရပဲဖြစ်ဖြစ် အရင်အစိုး ရပဲဖြစ်ဖြစ် နောက်တက်တဲ့အစိုး ရပဲဖြစ်ဖြစ် အစိုးရတွေကနေပြီး တော့ ပြည်သူလူထုကို ဟိုဟာ လုပ်ပေးပါ့မယ်။ ဒီဟာလုပ်ပေးပါ့ မယ်။ ဒါကြောင့်မို့ တို့ဒါလုပ်ပေး တယ်လို့ပြောရင် ဒါဘယ်သူ့ပိုက် ဆံနဲ့လုပ်တာလဲ။ ပြည်သူ့ပိုက်ဆံ နဲ့ပဲလုပ်တယ်ဆိုတာ နားလည်ကြ ပါလို့ ကျွန်မကပြောချင်ပါတယ်။ ကျွန်မတို့ ပြည်သူလူထုတွေက ကောင်းကောင်းနားမလည်တဲ့အ ခါကျတော့ အစိုးရအရာရှိကြီးတွေ က သူတို့အိတ်ထဲက ပိုက်ဆံကို စိုက်ပြီး လုပ်ပေးသလိုလို ထင်လား တော့မသိဘူး။ အဲဒါကတော့ လုံး ၀မဟုတ်ဘူးဆိုတာ သိဖို့လိုပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။ ဟင်္သာတမြို့သည်ပြည်ခိုင် ဖြိုးပါတီအထွေထွေအတွင်းရေး မှူးဦးဌေးဦး၏ မဲဆန္ဒနယ်ဖြစ်ပြီး ၎င်းက ဒေသတွင်းတွင် စာသင် ကျောင်းဆောက်ခြင်း၊ လမ်းခင်း ခြင်း၊ လမ်းမီးတိုင်ထောင်ပေးခြင်း အပြင် ငွေချေးပေးခြင်းကိုပါ အ ရှိန်အဟုန်ဖြင့်ပြုလုပ်ထားသည့် ဒေသဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်သည် ဗိုလ်ချုပ်အောင်ဆန်းနှစ်(၁၀၀)ပြည့်ဂုဏ်ပြုပွဲအတွက် ဟောပြောပွဲပြုလုပ်ရန် ဟင်္သာတမြို့သို့ လာရောက်ခြင်းဖြစ်ပြီး ဟင်္သာတခရိုင်ရှိ မြို့နယ်ကျေးရွာအုပ်စုများအပြင် အခြားမြို့နယ်များမှ ဒေသခံ လူဦးရေထောင်ချီတက်ရောက်ခဲ့သည်။
ထို့အပြင်ဒေါ်အောင်ဆန်းစုကြည်က မြို့ခံမြို့မိမြို့ဖများနှင့် ဖေဖော်ဝါ ရီ ၂၈ ရက်ညက တစ်နာရီကြာတွေ့ဆုံစဉ် ‘‘ပါတီဝင်လူငယ်တွေ ဆက် ဆံရေးအဆင်မပြေတာမျိုးရှိခဲ့ရင် တိုင်စာပို့လို့လည်းရတယ်။ ပြောဆိုဆုံးမလို့လည်းရတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ကြောင်း ယင်းတွေ့ဆုံပွဲသို့တက် ခဲ့သူ မြို့မိမြို့ဖတစ်ဦးက ပြောသည်။

၂၀၁၅ရွေးကောက်ပွဲတွင်ဟင်္သာတမဲဆန္ဒနယ်၌ NLD ပါတီအနိုင်ရရေးအတွက် မြို့မိမြို့ဖများနှင့် မြို့ခံပြည်သူလူထု၏ အခန်း ကဏ္ဍမှာ အရေးပါကြောင်း ပြောကြားခဲ့သည်ဟုလည်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment