ဧရာဝတီ၊ ဖေဖေါ်ဝါရီ ၂၆၊ ၂၀၁၅
အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်မည့် ဥပဒေကြမ်းနှင့် ပတ်သက် ၍ နိုင်ငံတော် ပရိယတ္တိ သာသနာပြု တက္ကသိုလ် ပညာသင်ကြားရေးအဖွဲ့က ယင်းဥပဒေကြမ်းတွင် ပါဝင်သည့်
အခန်း (၃)ပုဒ်မ ၄ ပုဒ်မခွဲ(ခ) ပညာ ရေး လွတ်လပ်ခွင့်နှင့် ပတ်သက်၍ ကျောင်းများ၊ ဆရာများ၊ ကျောင်းသားများ၊ သင်ရိုးညွန်းတန်းများ၊ ဘာ သာစကား၊ အတွေးအခေါ် များနှင့် ဒေသဆိုင်ရာ လွတ်လပ်မှုများ ဖော်ဆောင်လွန်းလျှင် စည်းကမ်း မဲ့လွန်း သည့်လမ်းကြောင်း ကို ဦးတည်နေခြင်းကြောင့် ပယ်ဖျက်သင့်ကြောင်း၊ အခန်း( ၄)ပုဒ်မ က၊ ပုဒ်မ ခွဲ စစ တွင် ဆရာ/ ဆရာမများအပေါ် ကျောင်းသား/သူများ၏ အကဲဖြတ်မှုနှင့် ပတ်သက်၍ ဆရာများကို တပည့်များက ပြန်လည်အကဲဖြတ်မှု စနစ်သည် မိဘကို သားသမီးက ဆရာပြန်လုပ်သလိုဖြစ်ခြင်း၊ တပည့်ရဟန်းမှ ဆရာ ရဟန်းကို ပြန်လည်အကဲဖြတ်ခြင်းသည် မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီ သည့် အတွက် ပယ်ဖျက်သင့် ကြောင်း၊
ထိုအပြင် ဆရာ/ဆရာမများ ပါတီများ သို့ဝင်ရောက်ပါက ပါတီစွဲဖြစ်ပေါ်လာပြီး သင်ကြား မှုတွင် ဆိုးကျိုး များဖြစ်ပေါ်နိုင်သည့်အတွက် ပုဒ်မ(ခ) ပုဒ်မခွဲ ဃဃ ကိုပယ်ဖျက်သင့်ကြောင်း၊ ထိုအပြင် ကျောင်း အလိုက် မိခင်ဘာသာစကားကို ရွေးချယ် သင်ကြား မည်ဆိုပါက အနာဂတ်၌ မြန်မာစာမှေးမှိန်မည့်အပြင် ဘာသာခြားတို့၏ စာပေပို့ချမှု မှတဆင့် ဘာသာရေးစည်းရုံးမှိုင်းတိုက်မှုများ ပေါ်ပေါက်လာနိုင်သဖြင့် ပယ်ဖျက်သင့်သည်ဟု အကြုံပြုကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။
The Irrawaddy (Burmese Version)
No comments:
Post a Comment