အားကစားဝန်ကြီးဌာနနှင့် Mega Lifesciences Ltd.. တို့ ပူးပေါင်းစီစဉ်ပြီး မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် ကျင်းပသည့် အမျိုးသမီး စုပေါင်း လမ်းလျှောက်ပွဲ (Walkathon) ကို
ယနေ့ နံနက်ပိုင်းတွင် အမျိုးသား အားကစား ပြိုင်ပွဲရုံ-၁(သုဝဏ္ဏ)
ရှေ့၌ ကျင်းပသည်။ အဆိုပါ စုပေါင်း လမ်းလျှောက်ပွဲသည်
သုဝဏ္ဏ အားကစားပြိုင်ပွဲရုံ ရှေ့မှ စတင်၍ ဝေဇယန္တာလမ်း အတိုင်း သစ္စာ လမ်းဆုံအထိ အသွားအပြန်
၅ ကီလိုမီတာ အပြည့်ဖြစ်သည်။ လမ်းတစ် လျှောက်၌
အဆိုတော် နီနီခင်ဇော်၊ သရုပ်ဆောင် မိုးယုစံနှင့် မော်ဒယ်လ် တင်မိုးလွင်တို့က
ပါဝင် ဆင်နွှဲသူများကို အားပေး နှုတ်ဆက်ကြပြီး လမ်းတစ်လျှောက် ဓာတ်ဆားရည်နှင့် ရေသန့်ဘူးများ
ပံ့ပိုးပေးကြသည်။
ပန်းဝင်သည့် လမ်းလျှောက်သူများအား ဆုတံဆိပ်များ၊ အမှတ်တရ လက်ဆောင်များ၊
သွေး အားနည်းမှု အခမဲ့ စစ်ဆေးခြင်းနှင့် နံနက်စာ ကျွေးမွေးဧည့်ခံခြင်းတို့ ပြုလုပ်ကြကာ
ဖျော်ဖြေ ရေး အစီအစဉ်များဖြင့် ဂိမ်းကစားနည်းများကို ဆင်နွှဲကြသည်။ ထို့နောက် အဆိုတော်
နီနီ ခင်ဇော်က သွေးအားနည်းခြင်း ရောဂါအကြောင်း အသိပညာပေး ဟောပြောပြီး မော်ဒယ်လ် တင်မိုးလွင်နှင့် ရုပ်ရှင်သရုပ်ဆောင် မိုးယုစံတို့က ကျန်းမာရေးနှင့် ပြည့်စုံစွာ နေထိုင်နည်း များကို ဟောပြောခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ပထမအကြိမ် အမျိုးသမီး စုပေါင်း လမ်းလျှောက်ပွဲကို
၂ဝ၁၄ ခုနှစ် မတ်လ တွင် ကျင်းပခဲ့ရာ အမျိုးသမီး လေးထောင်ကျော် ပါဝင်ခဲ့ကြပြီး ယခုကျင်းပသည့်
ဒုတိယ အကြိမ် လမ်းလျှောက်ပွဲတွင် အမျိုးသမီး ခုနစ်ထောင်ခန့် ပါဝင် ဆင်နွှဲကြသည်။ အဆိုပါ
စုပေါင်း လမ်းလျှောက်ပွဲကို မြန်မာ အမျိုးသမီးများအကြား အဖြစ်များသည့် သွေးအားနည်း ရောဂါအကြောင်း အသိပညာ တိုးပွားလာစေရန်နှင့် ယင်းအာဟာရ ချို့တဲ့မှု ပြဿနာကို အမြစ်ပြတ် ဖယ်ရှားနိုင် ရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
''မြန်မာအမျိုးသမီးများ လှပပြီး ကျန်းမာသော အနာဂတ်ဆီသို့''ဟူသော
ဆောင်ပုဒ်ဖြင့် ကျင်းပသည့် စုပေါင်း လမ်းလျှောက်ပွဲနှင့် ပတ်သက်၍ ''သံဓာတ်ချို့တဲ့မှုကနေ
အစပြုပြီး သွေးအားနည်း ရောဂါအဖြစ်ကို ရောက်တဲ့နှုန်း ဟာ မြန်မာနိုင်ငံမှာ သတိပြုစရာ
ကောင်းလောက်အောင် မြင့်မားလာတဲ့အတွက် ဒီကိစ္စဟာ အချိန်မဆိုင်းဘဲ အလေးထား ပြောဆိုရမယ့် လူထု ကျန်းမာ ရေး ပြဿနာတစ်ရပ် ဖြစ်နေပါတယ်။ ဒီစုပေါင်းလမ်း
လျှောက်ပွဲ ဟာ သွေးအားနည်းရောဂါ ရဲ့ အရေးကြီးပုံကို ပိုမိုနားလည် သဘောပေါက်စေဖို့ လူထုကို ပညာပေးရာမှာ ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်လို့ မြင်ပါတယ်။ ဒါကြောင့် စုပေါင်း လမ်းလျှောက်ပွဲမှာ ပူးပေါင်းပါဝင်ကြ ပြီး သွေးအားနည်းရောဂါ ကင်းစင်တဲ့
နိုင်ငံတစ်ခုဖြစ်ဖို့ အထောက်အကူ ပေးခဲ့တဲ့
မြန်မာအမျိုး သမီးများ အားလုံးကို ကျေးဇူးတင်ပါတယ်''ဟု Mega Lifescience မှ ဈေးကွက်မန်နေဂျာ Sudeep Chatterjee က ပြော သည်။
ဝန်းရံခ
Myawaddy
No comments:
Post a Comment