ကျုံးပတ်လည် သင်္ကြန်မဏ္ဍပ် ကျပ်သိန်း ၂ဝ အာမခံငွေ တင်ရမည်
၂ဝ၁၅ ခုနှစ် မန္တလေးမြို့တော်
သင်္ကြန်ပွဲတော်၌ ကျုံးပတ်လည် တွင် မဏ္ဍပ် ဆောက်လုပ်ခွင့် ရရှိသူများသည်
အာမခံငွေ ကျပ် သိန်း ၂ဝ တင်သွင်းထားရမည် ဖြစ်သည်။
စည်းကမ်းချက် တစ်ချက်ချက် ဖောက်ဖျက်ပါက
အာမခံငွေထဲမှ ဒဏ်ရိုက်ခြင်း၊ စည်ပင်သာယာ ဥ ပဒေအရ တရားစွဲဆိုခြင်းတို့ ပြု
လုပ်သွားမည် ဖြစ်ကြောင်း၊ မန္တ လေး မြို့တော် စည်ပင်သာယာရေး ကော်မတီမှ
သိရသည်။
စည်းကမ်းချက်များ ဖောက် ဖျက်ခြင်း မရှိပါက အာမခံငွေ (ိနစသျငအ) ကျပ် သိန်း ၂ဝ အား ပြန်လည် ထုတ်ပေးသွားမည် ဖြစ် ကြောင်း သိရသည်။
”စည်းကမ်း လိုက်နာတယ် ဆို ရင်တော့
ပြန်ထုတ်ပေးမယ်။ စည်း ကမ်း မလိုက်နာဘူး ဆိုရင်တော့ သူ ကျူးလွန်တဲ့ ပြစ်မှု
အနေအထား ကို ကြည့်ပြီးတော့ ကော်မတီကို တင်ပြရမယ်။ စည်းကမ်းလိုက်နာ ဖို့
အရင်ကတည်းက ပြောသာ ပြောနေရတာမလိုက်နာကြဘူး” ဟု စည်ပင်သာယာ ရာဖြတ်ဌာနခွဲ မှ
ဌာနခွဲမှူး ဦးစိုးလင်းက ပြော သည်။
သင်္ကြန်မဏ္ဍပ်များတွင် ဘီ ယာ၊ ဆေးလိပ်၊
အရက်ကြော်ငြာ များ ချိတ်ဆွဲခြင်း၊ ရောင်းချခြင်း သရုပ်ပျက် ဝတ်စားဆင်ယင်မှု
များ ပြုလုပ်ခြင်း၊ ခွင့်ပြုဧရိယာ အတွင်း အိမ်သာ မှ လွဲ၍ အခြား အပို
အဆောက်အအုံများ ဆောက်လုပ်ခြင်း စသည့် စည်းကမ်းချက်များကို လိုက်နာခြင်း
မရှိ ပါက တရားစွဲဆိုခြင်း၊ ဒဏ်ရိုက် ခြင်းများ ပြုလုပ်သွားမည် ဖြစ်
ကြောင်း စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
တည်ဆောက်ခွင့် ရသည့် သင်္ကြန်မဏ္ဍပ်များ
အနေဖြင့် (၉-၄-၂ဝ၁၅) ရက်နေ့တွင် အပြီး တည်ဆောက်ရမည် ဖြစ်ပြီး ၂၃-၄-၂ဝ၁၅
ရက်နေ့တွင် အပြီး ဖျက် သိမ်းပေးရ မည် ဖြစ်ကြောင်း သိရ သည်။
သင်္ကြန်မဏ္ဍပ် လျှောက်လွှာ များကို ဖေဖော်ဝါရီ
၂၃ ရက်နေ့ မှ မတ်လ ၆ ရက်နေ့အထိ လက် ခံပေးပြီး မဏ္ဍပ်များကို မဲနှိုက်
ချထားပေးသွားမည် ဖြစ်ကြောင်း သိရ သည်။ ယခင်နှစ်က မဏ္ဍပ် လျှောက်ထားသူ ၂ဝဝ
ကျော် ရှိခဲ့ ပြီး ကျုံးပတ်လည်တွင် ၃၆ ခု ချ ထားပေးခဲ့ကြောင်း သိရသည်။
Popular
No comments:
Post a Comment