Monday, March 9, 2015

ကိုးကန့်ဒေသ တိုက်ပွဲတွင် ဖျက်အားပြင်းဗုံး အသုံးပြု တိုက်ခိုက်

ကိုးကန့်တပ်ဖွဲ့များ အဓိက ခြေကုပ်ယူထားသည့် လောက် ကိုင်နှင့် ချင်းရွှေဟော်ကြား လုံ ထန်ရွာအနီး တောင်ကုန်းများကို တပ်မတော်က ချေမှုန်းရာတွင် တိုက်လေယာဉ်ပေါ်မှ ဖျက်အား ပြင်းဗုံးများ ပထမဆုံးအကြိမ် အသုံးပြု တိုက်ခိုက်ကြောင်း  သတင်းရရှိသည်။

 လုံထန်ကျေးရွာအနီး ကား လမ်းအရှေ့ဘက်ခြမ်းရှိ ပွိုင့်- ၁၇၅၃ တောင်ကုန်းနှင့် အနီးပတ် ၀န်းကျင် တောင်ကုန်းများကို တပ်မတော်စစ်ကြောင်းများက မတ်လ ၇ ရက် မွန်းလွဲမှစ၍ လေကြောင်း ပစ်ကူ၊ အမြောက် ပစ်ကူများဖြင့် ထိုးစစ်ဆင်တိုက် ခိုက်ချေမှုန်းလျက်ရှိကြောင်း တပ် မတော်က တရားဝင်ထုတ်ပြန်ခဲ့ သည်။ မတ်လ ၇ ရက်က လေ ကြောင်းပစ်ကူ ခုနစ်ကြိမ်ဖြင့် တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးအကြိမ် တွင် တိုက်လေယာဉ် A5C အမျိုး အစားနှင့် ပေါင် ၅၀၀ အလေးချိန် ရှိ ဗုံးတစ်လုံးကြဲချခဲ့ကြောင်း တိုက်ပွဲဖြစ်ရာ ဒေသတွင် တာဝန်ကျနေ သည့် တပ်မတော်အရာရှိတစ်ဦး ကပြောသည်။


‘‘မနေ့က (မတ်လ ၈ ရက်) နောက် ဆုံးပစ်တဲ့ အလုံးက အရမ်းပြင်းတယ်။ ကွဲတာ အနည်းဆုံး မီတာ ၅၀၀ ပတ်လည်ပဲ။ ၁၂၀ စိန်ပြောင်းနဲ့လည်း ချတယ်။ ဟိုပန်က အမြောက်တပ်ကိုလည်း ချင်းရွှေဟော်မှာ ထိုင်ပြီး ပစ်တယ်’’ ဟု ၎င်းကပြောသည်။

‘‘မနေ့ညနေက တိုက်လေ ယာဉ်တွေ မကြာခဏပျံတယ်။ ညနေဘက် ပစ်သွားတဲ့ လက်နက် ကြီးသံကတော့ ပတ်ဝန်းကျင်မှာ တုန်သွားတာပဲ။ အတော်အင် အားပြင်းပုံရတယ်’’ ဟု ချင်းရွှေ ဟော်နယ်စပ်ကုန်သွယ်ရေးဂိတ် အနီးမှ ဒေသခံရှမ်းတိုင်းရင်းသား  တစ်ဦးကပြောသည်။
တပ်မတော်မှ အသုံးပြုခဲ့ သည့် လေယာဉ်အမျိုးအစားများ ကို အတိအကျ သတင်းမထုတ်ပြန်သော်လည်း နည်းဗျူဟာမြင့် တိုက်လေယာဉ် A5C နှင့် K8 အမျိုးအစားများ အသုံးပြုခဲ့ကြောင်း တိုက်ပွဲနှင့် နီးစပ်သည့် တပ်မတော်အရာရှိများက ပြောသည်။

‘‘K8 အမောင်းသင် ဂျက် တိုက်လေယာဉ်တွေ တောင်ပံ နှစ်ဖက်မှာ တစ်လုံးစီချိတ်လို့ ရ တယ်။ ဖျက်အားပြင်းဗုံး၊ ဘန်ကာ တွေ ဖြိုချနိုင်တယ်’’ဟု K8 တိုက် လေယာဉ်နှင့် ပတ်သက်၍ တပ်မ တော်သားတစ်ဦးကပြောသည်။ မတ်လ ၇ ရက်က နောက်ဆုံးအ ကြိမ် ဗုံးကြဲသွားသည်ဟူသော A5C အမျိုးအစားတိုက်လေယာဉ် မှာ မြန်မာ့တပ်မတော်တွင် လေ့ ကျင့်ရေးအတွက်သာ အသုံးပြု သေးပြီး တိုက်ပွဲများတွင် တစ်ခါ မျှ မသုံးခဲ့ဖူးကြောင်း ရှေ့တန်းသို့ ရောက်ရှိနေသည့် တပ်မတော် အရာရှိတစ်ဦးက ပြော သည်။ အစိုးရက မတ်လ ၉ ရက် ည ၈ နာရီတွင် တရားဝင်သတင်း ထုတ်ပြန်ရာ၌ မတ်လ ၇ ရက် နေ့လယ်က စတင်ခဲ့သည့် ထိုးစစ် တွင် မတ်လ ၈ ရက်ညအထိ တပ် မတော်အရာရှိ ခုနစ်ဦးကျဆုံးကာ အရာရှိ၊ စစ်သည် ၅၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ကိုးကန့်တပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှုသတင်းကို မထုတ်ပြန်သော်လည်း အတည်မပြုနိုင်သေးသော သတင်းများအရ ကိုးကန့်တပ်ဖွဲ့ဝင် ၁၀၀ ခန့် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်က အသေးစိတ် သတင်းထုတ်ပြန်ရာတွင် ကိုးကန့် သောင်းကျန်းသူများအနေဖြင့် လုံ ထန်ကျေးရွာအနီး ပွိုင့်-၁၇၅၃ တောင်ကုန်းနှင့် မြန်မာ-တရုတ် နယ်နိမိတ်မှတ်တိုင်အမှတ် (၁၄၁)အတွင်း တောင်ကုန်းများတွင် အခိုင်အမာအခြေပြုကာ လောက် ကိုင်-ချင်းရွှေဟော် ကားလမ်း ကြောင်းတစ်လျှောက် သွားလာ လျက်ရှိသော ဒေသခံပြည်သူများ နှင့် တပ်မတော်ယာဉ်တန်းများ ကို မကြာခဏ ပစ်ခတ်တိုက်ခိုက် နေပြီး စစ်ဘက်နှင့် မသက်ဆိုင် သော  ကြက်ခြေနီအလံ လွှင့်ထူ ၍ ကြက်ခြေနီအဖွဲ့များ လိုက်ပါ လာသည့် ယာဉ်တန်း၊ သတင်းမီဒီ ယာများ လိုက်ပါလာသည့် ယာဉ် တန်း၊ ဌာနဆိုင်ရာ ၀န်ထမ်းများ လိုက်ပါလာသည့် ယာဉ်တန်းတို့ ကို တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်းအတွက်ကြောင့် မတ်လ ၇ ရက် မွန်းလွဲပိုင်းမှစတင် ၍ တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၈ ရက်ညကစတင်ခဲ့သည့် လောက်ကိုင်ဒေသ တိုက်ပွဲမှာ ယနေ့တွင် ရက် ၃၀ ပြည့်ခဲ့ပြီဖြစ်ပြီး တိုက်ပွဲအရှိန်မှာ ဆက်လက် မြင့်တက်နေသည်။ တပ်မတော်မှ အရာရှိအပါအ၀င်  ၉၀ ခန့် ကျဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း ၂၀၀ ကျော် လာခဲ့ပြီဖြစ်သည်။ အရပ်သား အချို့လည်း သေဆုံးဒဏ်ရာရခဲ့သည်။ သမ္မတ ဦးသိန်းစိန်က လောက်ကိုင်ဒေသကို စစ်အုပ်ချုပ်ရေး ရက် ၉၀ ကြေညာထားသည်။

7Day

No comments:

Post a Comment