Sunday, February 22, 2015

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်မှုကြောင့် အစိုးရတပ်သား နှစ်ဦးကျ



ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်မှုကြောင့် အစိုးရတပ်သား နှစ်ဦးကျ

ရှမ်းပြည်နယ်မြောက်ပိုင်း စိန်လီမြို့ နှင့် ကွမ်လုံမြို့ကြားရှိ ဘန်နားကျေးရွာသွားရာလမ်းတွင် ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ တွင် ၁၅မိနစ် ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရစစ်တပ်မှ တပ်သား နှစ်ဦးကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အစိုးရတပ်မှ စစ်ကား ၁၀စီးဖြင့် စစ်ကြောင်းသွားရာ လမ်း၌ ရှမ်းတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့မှ စောင့်ကြို တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရသည်။


အစိုးရစစ်တပ်မှပစ်ခတ်မှုကြောင့် ဘန်နားကျေးရွာရှိ အိမ် ၈လုံး နှင့် ကားတစ်စီးအား ကျည်ဆံထိမှန် ခဲ့သော် လည်း တစ်ဦးတစ်ယောက်မျှ ထိခိုက်ခြင်းမရှိခဲ့ကြောင်းသိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် မုန့်ဆိုင်ရှိ မုန့်များနှင့် ငွေကျပ် ၁သိန်းခွဲအား အစိုးရစစ်တပ်မှ သိမ်းယူလိုက်သည်သာမ က ဒေသခံ ၄ဦးတို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ယခုအချိန်တွင် ၂ဦးအားပြန်လွှတ်ပေးခဲ့ပြီး ကျန် ၂ဦးအား ပြန်လည်လွှတ်ပေးသေးခြင်းမရှိကြောင်းဆိုသည်။
တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ဒေသခံများမှာယနေ့မနက် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ညနေတွင် ၄င်းတို့ကျေးရွာသို့ ပြန်လည်ရှောက်ရှိနေပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါကျေးရွာတွင် အိမ်ခြေ ၇၀ခန့်ရှိပြီး ရှမ်း၊ကချင်၊ပလောင်စသည့်တိုင်းရင်းသားများနှင့် တရုတ်လူမျိုးတို့ နေထိုင်လျက်ရှိကြောင်းသိရသည်။

Kachinwaves 

No comments:

Post a Comment