Wednesday, March 4, 2015

လက်ပံတန်း ထိုင်သမိတ် လုံခြုံရေးတင်းကြပ်

ပင်မကျောင်းသားများ၏ ထိုင်သပိတ် တတိယမြောက်နေ့ လုံခြုံရေး ပိုမိုတင်းကြပ်ထား
လက်ပံတန်းမြို့ရှိ ကျွန်းကလေး အနောက်ဘက် ကမ်းလမ်းထိပ်တွင် ရဲတပ်ဖွဲ့၏ ပိတ်ဆို့မှုကိုခံထားရသော ပင်မသပိတ်မှောက် ကျောင်းသားများ၏ ထိုင်သပိတ်သည် တတိယနေ့သို့ ရောက်ရှိ လာပြီဖြစ်သည်။ မတ်လ ၃ရက်နေ့ကတည်းက ပိတ်ဆို့ခံထားရသည့် ကျောင်းသားသပိတ်သည် မတ်လ (၅) ရက်တွင် လုံခြုံရေးရဲများက အတွင်းစည်း၊ အပြင်စည်းဖြင့် လုံခြုံရေးပိုမိုတင်းကြပ်ထား သည်ကို တွေ့ရသည်။ ကျောင်းသား သပိတ်ရှေ့တွင်လည်း သံဆူးကြိုးနှစ်ထပ်ကို လမ်းအပြည့် ကာရံထားကာ လုံခြုံရေးရဲများကလည်း အသင့်အနေအထားဖြင့် နေရာယူထားသည်။ မတ်လ ၃ ရက်ကတည်းက အစာငတ်ခံဆန္ဒပြနေသည့်ကျောင်းသားများမှာလည်း ယမန်နေ့က စပြီး အလှည့်ကျစနစ်ဖြင့် အစာငတ်ခံသည့် ပုံစံသို့ ပြောင်းထားသည်။(ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)






No comments:

Post a Comment