လောက်ကိုင်-တာရွေထန် လမ်းကြောင်းရှိ စစ်ရေးဗျူဟာအရ အရေးကြီးသော တောင်ကုန်းများကို တပ်မတော်က ပြန်လည်သိမ်းပိုက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့် လက်နက်ကိုင်အဖွဲ့က ယာယီခြေကုပ်ယူ ထားသည့် စစ်ရေးဗျူဟာအရ အရေးကြီးသော လောက်ကိုင်-ကွမ်းလုံ လမ်းကြောင်းပေါ်ရှိ တောင်ကုန်းများကို တပ်မတော်စစ်ကြောင်းများက ဖေဖော်ဝါရီလ ၂၂ ရက်နေ မွန်းလွဲပိုင်းမှ စတင်ကာ လေကြောင်း ပစ်ကူများရယူ၍ ပြန်လည် သိမ်းပိုက်ထားပြီ ဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်သည်။
လောက်ကိုင်-တာရွေထန် ၁၈ မိုင် - ညံခွမ်း လမ်းကြောင်းများကို တပ်မတော် စစ်ကြောင်းများက ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းမှ စတင်၍ ထိုးစစ်ဆင်ခဲ့ရာ ဖေဖော်ဝါရီလ ၂၂ ရက်နေ မွန်းလွဲပိုင်းတွင် ပြန်လည်ထိန်းချုပ်ထားနိုင်ပြီး လမ်းပန်းဆက်သွယ်မှုများ ဘေးကင်းစွာ ပြန်လည်ဆောင်ရွက်နိုင်သော အခြေအနေသို့ ရောက်ရှိပြီဖြစ်ကြောင်း တပ်မတော်မှ သိရသည်။
ယင်းတိုက်ပွဲအတွင်း တပ်မတော်မှ စစ်သည်လေးဦး ကျဆုံးခဲ့ပြီး အရာရှိ/စစ်သည် ၂၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရ စစ်သည်များကို တပ်မတော် စစ်ဆေးရုံများသို့ ပို့ဆောင် ဆေးကုသပေးနေကြောင်း သိရသည်။
“ဒီနေ့မှာတော့ လောက်ကိုင်-တာရွေထန် ၁၈ မိုင် - ညံခွမ်း လမ်းကြောင်းမှာ ရှိတဲ့ တောင်ကုန်းတွေကို ပြန်ရပြီ။ နောက်ထပ်လည်း နယ်မြေရှင်းလင်းရေးကို ဆက်တိုက် ဆောင်ရွက်သွားမှာပါ” ဟု တပ်မတော်မှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။
The VOICE
No comments:
Post a Comment