Thursday, February 26, 2015

မုံရွာတွင် ကြက်တုပ်ကွေးဖြစ်ပွား၍ ကြက်၊ငုံး အကောင်ရေ တစ်သောင်းကျော် သေဆုံး

မုံရွာတွင် ကြက်တုပ်ကွေးဖြစ်ပွား၍ ကြက်၊ငုံး အကောင်ရေ တစ်သောင်းကျော် သေဆုံး

ဖေဖော်ဝါရီ ၂၅။ မုံရွာ ။ငြိမ်းဈာန်သက်။

စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့တွင်ကြက်ငှက်တုပ်ကွေး ကြောင့်မုံရွာခရိုင် မွေးမြူရေး အထူးဇုန်မှကြက်နှင့် ငုံးကောင်ရေ တစ်သောင်းကျော်သေဆုံးခဲ့ကြောင်းတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီးဌာနမှ သိရသည်။

ဖဖော်ဝါရီ လ ဆန်းပိုင်းမှစ၍ ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ ကြက်အကော င်ရေ ၇၀၀ နှင့် ငုံအကောင်ရေ ၁၀၀၀၀ သေဆုံးခဲ့ရာ H5N1ဗိုင်းရပ်စ်ကူး စက် ခံရခြင်းဖြစ်ကြောင်း သိရသည်။


ယင်းသို့ ကြက်ငှက်တုပ်ကွေး ရောဂါသည် မုံရွာမြို့ ကြက်၊ငုံးမွေးမြူရေးဇုန် တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆက်လက်ပြန့်ပွားခြင်း မရှိစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုများ အထူးပြုလုပ်နေရကြောင်း
သိရသည်။

" ရောဂါဆက်လက်ပြန့်ပွားခြင်း မရှိအောင်လို့အထူးဂရုစိုက်နေရပါတယ်၊တိရိ စ္ဆာန်ကနေ လူကို ကူးစက်ခြင်း မရှိအောင်ကြက်သေကို စနစ်တကျမြုပ်နှံတယ်၊ ကြက်ခြံကို ဇီဝလုံခြုံရေးတိုးမြင့်ပြီးတော့ ပိုးသက်ဆေးလည်းဖြန်းထားပါတယ်၊
ရောဂါဖြစ်ပွားပြီး သေဆုံးတဲံ ကြက်တွေကို ဈေးကွက် အတွင်းမရောက်အောင်
ဆောင်ရွက်နေပါတယ်" ဟု တိုင်းဒေသကြီး မွေးမြူရေးဝန်ကြီးဦးစောမြင့်ဦး ကပြောသည်။
ယင်းသို့ မွေးမြူရေးအထူးဇုန်အတွင်းကြက်တုပ်ကွေး ရောဂါဆက်လက်ပြန့် ပွားခြင်းမရှိစေရန်အတွက် နာမကျန်းဖြစ်သော ကြက်နှင့် ငုံးအကောင်ရေ သုံးသောင်းခန့်ကို သုတ်သင်ရှင်းလင်းခဲ့ရကြော၊င်းရောဂါထိမ်းချုပ်ကာ ကွယ် တားဆီးရေး ဖွဲ့စည်းဆောင်ရွက်နေကြောင်း သိရသည်။

မုံရွာခရိုင်၊ကြက်၊ငုံး မွေးမြုရေးအထူးဇုန်တွင်ကြက်ခြံ၁၂၃ခြံ၊ နှင့် ကောင်ရေ၁၄၀၀၀၀၊ငုံးခြံ၅၁-ခြံ နှင့် ကော င်ရေ ၅၀၀၀၀၀ အားမွေးမြူထားပြီးငုံးတစ်ကောင် -၂၅၀ ကျပ်၊ ကြက်တစ်ေ ကာင် လျှင်၃၅၀၀ကျပ် ပေါက်ဈေးရှိသည်ဟုဆိုသည်။

Mandalay News

No comments:

Post a Comment