Monday, March 9, 2015

ကျောင်းသားသပိတ်ကို အကြမ်းဖက်မဖြိုခွင်းရန် အထက်မြန်မာပြည် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

March 10 2015

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရန် ဆန္ဒပြတောင်း ဆိုနေသည့် ကျောင်းသားလှုပ်ရှား မှုများအပေါ် ထောက်ခံကြောင်း နှင့် လက်ပံတန်းမြို့တွင် ပိတ်ဆို့ ခံထားရသည့် ပင်မကျောင်းသား သပိတ်စစ်ကြောင်းကို အကြမ်း ဖက်ဖြိုခွဲခြင်းမပြုရန် အထက် မြန်မာပြည် အရပ်ဘက်လူမှုအဖွဲ့ အစည်း ၁၂၀ ကျော်က ကြေညာ ချက်ထုတ်ပြန်သည်။

လက်ပံတန်းမြို့ရှိ ပင်မ ကျောင်းသားသပိတ်စစ်ကြောင်း က မတ်လ ၁၀ ရက် နံနက် ၁၀ နာရီတွင် ပိတ်ဆို့တားဆီးထားမှု များ မဖယ်ရှားပါက ကျော်ဖြတ် ချီတက်မည်ဖြစ်ကြောင်း အရေး ပေါ်သတင်းထုတ်ပြန်ထားသည့် အပေါ် အစိုးရက ကျောင်းသား သပိတ်များအား အကြမ်းဖက်ဖြို ခွဲမည်ကို အထက်မြန်မာပြည် အရပ်ဘက်အဖွဲ့အစည်းများက အထူးစိုးရိမ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။


ထို့အတွက် အစိုးရက ကျောင်းသားသပိတ်အား အကြမ်းဖက်ဖြေရှင်းခဲ့ပါက အရပ်ဘက် အဖွဲ့အစည်းများက ဆောင်ရွက် သင့်သည်များကို တုံ့ပြန်ဆောင် ရွက်သွားမည်ဟု အရပ်ဘက် အဖွဲ့အစည်း ၁၂၉ ဖွဲ့က စုပေါင်းလက် မှတ်ရေးထိုးထားသည်။
‘‘အစိုးရဘက်ကလည်း ပိတ် ဆို့ထားတယ်။ ဆက်ပြီးချီတက် ခွင့်မပြုဘူး။ အခုကျောင်းသား တွေကလည်း အတားအဆီးတွေ ကို ကျော်ဖြတ်ချီတက်လာမယ် ဆိုတော့ ထိပ်တိုက်တွေ့ပြီး  ပဋိ ပက္ခတွေ ပိုကြီးထွားလာမှာ စိုးရိမ် ကြတယ်။ မလိုလားအပ်တာတွေ ဖြစ်လာမှာစိုးလို့ အရေးပေါ်စု စည်းပြီး ကြေညာချက်ထုတ်လိုက် တာပါ’’ဟု မန္တလေးမြို့မှ ဦးမင်း ထက်ငြိမ်းချမ်းကပြောသည်။
လေးပွင့်ဆိုင်တွေ့ဆုံဆွေး နွေးပွဲမှာ သဘောတူထားသော အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လေး နက်စွာ ထောက်ခံပြီး အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်ရန် တောင်းဆိုနေသော ကျောင်းသား များသည် မြန်မာနိုင်ငံပညာရေး စနစ်ကို နိုင်ငံတကာနှင့် ရင် ပေါင်တန်းနိုင်ရန် အနစ်နာခံ၊ အပင်ပန်းခံတောင်းဆိုနေကြ သည်ဟု ယုံကြည်ကြောင်းလည်း ကြေညာချက်တွင် ထည်သွင်း ဖော်ပြထားသည်။

ထို့အပြင်ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ကျောင်းသား၊ ကျောင်းသူများအား ထောက်ခံ ကြောင်း ဆန္ဒထုတ်ဖော်သူများ ကို   အနီရောင်လက်ပတ်ဝတ် အရပ်သားများ၏ မင်းမဲ့စရိုက် ဆန်ဆန်အကြမ်းဖက်ရိုက်နှက်ဖြို ခွဲခြင်းကို ကန့်ကွက်ရှုတ်ချသည် ဟု ဆိုသည်။

အထက်မြန်မာပြည်အခြေ စိုက်လူမှုကူညီရေးအသင်းအဖွဲ့ များ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့် ကြည့်ရေးအဖွဲ့များအပါအ၀င် အရပ်ဘက်အဖွဲ့အစည်းများ စု ပေါင်းလက်မှတ်ရေးထိုးကာ ကြေ ညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။

7Day

No comments:

Post a Comment