Thursday, March 19, 2015

သေဆုံး တရုတ်တဦးလျှင် ဒေါ်လာတသောင်းကျော် ပေးရန် မြန်မာအစိုးရကမ်းလှမ်း

Mar 18 2015

တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ်တွင် မြန်မာစစ်တပ်က ပစ်ခတ်လိုက်သော ဗုံးဒဏ်ကြောင့် သေဆုံးသွားသည့် တရုတ် နိုင်ငံ သား ၄ ဦးအတွက် တဦးလျှင် အမေရိကန်ဒေါ်လာ ၁၁၂၂၂ ၀န်းကျင် (တရုတ်ယွမ်ငွေ ၇ သောင်း) ပေးရန် မြန်မာ အစိုးရက တရုတ် အစိုးရ ကို ကမ်းလှမ်း လိုက်ပြီး တရုတ် အစိုးရက အဆိုပါ ကမ်းလှမ်းချက်ကို တစုံတရာ တုံ့ပြန် ခြင်းမရှိသေးကြောင်း မတ်လ ၁၈ ရက်နေ့ ထုတ် Global Times သတင်းစာက ရေးသားဖော်ပြသည်။
 
မတ်လ ၁၃ ရက်နေ့ ညနေခင်းက မြန်မာစစ်လေယာဉ် တစီးပေါ်မှ ပစ်ချခဲ့သည့် ဗုံးက ပဋိပက္ခဖြစ်ပွားနေသည့် ကိုးကန့် ဒေသ နှင့် ထိစပ်နေသည့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ လင်ချန်း ခရိုင်အတွင်းရှိ ကြံခင်းအတွင်းသို့ ကျရောက်ပြီး လူ ၄ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

တရုတ်နယ်စပ် ကျော်ပြီး လောင်တဲ့ ကိုးကန့်စစ်မီး ဘယ်လိုငြှိမ်းမလဲ


Mar 19 2015

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသမှာ တကျော့ပြန် လောင်မြိုက်နေတဲ့ စစ်မီးဟာ တလကြာမြင့်လာပြီး နှစ်ဖက် အကျအဆုံး တိုးလာသလို ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာတော့ တရုတ်ပြည်ဘက်ကိုပါ ကူးစက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က တရုတ်နိုင်ငံဘက်ကို မြန်မာ့လေတပ်မတော်က ကြဲချခဲ့တယ်ဆိုတဲ့ ဗုံးကြောင့် တရုတ်နိုင်ငံသား ၄ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရသွားခဲ့ပြီးနောက် ဘေဂျင်း အစိုးရ ဒေါသထွက်ကာ တရုတ်ထိပ်တန်း အစိုးရအရာရှိတွေနဲ့ စစ်ဘက်အရာရှိကြီးတွေက မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် သတိပေးမှုတွေ လုပ်လာပါတယ်။
မြန်မာအစိုးရ သတင်းစာများရဲ့ အဆိုအရ ကိုးကန့်လက်နက်ကိုင်များနဲ့ အစိုးရတပ်အကြား တရုတ်-မြန်မာ နယ်စပ်အနီး လွန်ခဲ့တဲ့ ရက်သတ္တပတ် အတွင်း တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပြီး လေကြောင်း က ပစ်ခတ်မှုများ လည်း ရှိနေကြောင်း သိရပါတယ်။ တရုတ်အစိုးရရဲ့ ဆင်ဟွာသတင်းဌာနက တရုတ် နယ်စပ်မြို့ လင်ချန်း မြို့တွင်းကို မတ်လ ၁၃ ရက် သောကြာနေ့က ဗုံးကျခဲ့တယ်လို့ သတင်းဖော်ပြပါ တယ်။

Monday, March 9, 2015

ကျောင်းသားသပိတ်ကို အကြမ်းဖက်မဖြိုခွင်းရန် အထက်မြန်မာပြည် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

March 10 2015

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရန် ဆန္ဒပြတောင်း ဆိုနေသည့် ကျောင်းသားလှုပ်ရှား မှုများအပေါ် ထောက်ခံကြောင်း နှင့် လက်ပံတန်းမြို့တွင် ပိတ်ဆို့ ခံထားရသည့် ပင်မကျောင်းသား သပိတ်စစ်ကြောင်းကို အကြမ်း ဖက်ဖြိုခွဲခြင်းမပြုရန် အထက် မြန်မာပြည် အရပ်ဘက်လူမှုအဖွဲ့ အစည်း ၁၂၀ ကျော်က ကြေညာ ချက်ထုတ်ပြန်သည်။

လက်ပံတန်းမြို့ရှိ ပင်မ ကျောင်းသားသပိတ်စစ်ကြောင်း က မတ်လ ၁၀ ရက် နံနက် ၁၀ နာရီတွင် ပိတ်ဆို့တားဆီးထားမှု များ မဖယ်ရှားပါက ကျော်ဖြတ် ချီတက်မည်ဖြစ်ကြောင်း အရေး ပေါ်သတင်းထုတ်ပြန်ထားသည့် အပေါ် အစိုးရက ကျောင်းသား သပိတ်များအား အကြမ်းဖက်ဖြို ခွဲမည်ကို အထက်မြန်မာပြည် အရပ်ဘက်အဖွဲ့အစည်းများက အထူးစိုးရိမ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ဆန္ဒပြမည်ဆိုသည့် သတင်းကြောင့် မန္တလေးတွင် ရဲက လမ်းပိတ်


 ဧရာဝတီ၊ မတ် ၁၀၊ ၂၀၁၅

မန္တလေး ရတနာပုံတက္ကသိုလ် ကျောင်းသားများ ၃၄လမ်းနှင့် ၃၅လမ်းကြား ဗိုလ်ချုပ်အောင်ဆန်း နှစ်၁၀၀ပြည့်မွေးနေ့ အထိမ်း အမှတ် အခမ်းအနားများကျင်းပရေးကော်မတီရုံးခန်းအနီးတွင် ဆန္ဒပြမည်ဆိုသည့် သတင်းများကြောင့် အဆိုပါ လမ်းတလျှောက် ရဲတပ်ဖွဲ့မှ အချုပ်ကားများချကာ ယနေ့နံနက် ၉နာရီခန့်မှစတင်ကာ လမ်းပိတ်ထားကြောင်း သတင်းရသည်။


ကိုးကန့်ဒေသ တိုက်ပွဲတွင် ဖျက်အားပြင်းဗုံး အသုံးပြု တိုက်ခိုက်

ကိုးကန့်တပ်ဖွဲ့များ အဓိက ခြေကုပ်ယူထားသည့် လောက် ကိုင်နှင့် ချင်းရွှေဟော်ကြား လုံ ထန်ရွာအနီး တောင်ကုန်းများကို တပ်မတော်က ချေမှုန်းရာတွင် တိုက်လေယာဉ်ပေါ်မှ ဖျက်အား ပြင်းဗုံးများ ပထမဆုံးအကြိမ် အသုံးပြု တိုက်ခိုက်ကြောင်း  သတင်းရရှိသည်။

 လုံထန်ကျေးရွာအနီး ကား လမ်းအရှေ့ဘက်ခြမ်းရှိ ပွိုင့်- ၁၇၅၃ တောင်ကုန်းနှင့် အနီးပတ် ၀န်းကျင် တောင်ကုန်းများကို တပ်မတော်စစ်ကြောင်းများက မတ်လ ၇ ရက် မွန်းလွဲမှစ၍ လေကြောင်း ပစ်ကူ၊ အမြောက် ပစ်ကူများဖြင့် ထိုးစစ်ဆင်တိုက် ခိုက်ချေမှုန်းလျက်ရှိကြောင်း တပ် မတော်က တရားဝင်ထုတ်ပြန်ခဲ့ သည်။ မတ်လ ၇ ရက်က လေ ကြောင်းပစ်ကူ ခုနစ်ကြိမ်ဖြင့် တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးအကြိမ် တွင် တိုက်လေယာဉ် A5C အမျိုး အစားနှင့် ပေါင် ၅၀၀ အလေးချိန် ရှိ ဗုံးတစ်လုံးကြဲချခဲ့ကြောင်း တိုက်ပွဲဖြစ်ရာ ဒေသတွင် တာဝန်ကျနေ သည့် တပ်မတော်အရာရှိတစ်ဦး ကပြောသည်။

ပင်မသပိတ်စစ်ကြောင်း ရန်ကုန်အထိချီတက်ရန် အစိုးရ သဘောတူလိုက်ပြီ

UPDATE NEWS >>>>>>>>>>

========
...
ပင်မသပိတ်စစ်ကြောင်း ရန်ကုန်သို့ ၀င်ခွင့်ပြုရန် သဘောတူလိုက်ပြီဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီကျော်က သတင်းရရှိသည်။
မတ်လ ၁၀ ရက် နံနက် ၉ နာရီခွဲက ပဲခူးတိုင်းနယ်လုံဝန်ကြီး ဦးသက်ထွန်းနှင့် သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း၊ မဖြိုးဖြိုးအောင်၊ NNERကိုယ်စားလှယ် ဒေါက်တာသိန်းလွင် ၊ ဒေါက်တာညိုညိုသင်း၊ ကိုစိုးထွန်းတို့ တံခါးပိတ်ဆွေးနွေးပြီးနောက် အထက်ပါအတိုင်း သဘောတူလိုက်ခြင်းဖြစ်ကြောင်း ထိုနေရာသို့ ရောက်ရှိနေသည့် 7Day သတင်းထောက်က သတင်းပေးပို့သည်။
သဘောတူညီချက်အရ လက်ရှိ ထိုင်သပိတ်ဆင်နွှဲနေသည့်နေရာမှ လက်ပံတန်းမြို့ တာဆုံအထိ ယနေ့ နံနက် ၁၀ နာရီကျော်မှ စတင်ကာ ကျောင်းသားသပိတ်က လမ်းလျှောက်ချီတက်မည်ဖြစ်ပြီး တာဆုံအရောက်တွင် ကားများဖြင့် ရန်ကုန်သို့ ဆက်လက်ချီတက်မည်ဖြစ်သည်။ ၁၀ နာရီ ၁၃ မိနစ်တွင် အတားအဆီးများကို စတင်ဖယ်ရှားနေပြီး ကျောင်းသားများ လေးယောက်တစ်တွဲဖြင့် စတင်ထွက်ခွာမည်ဖြစ်သည်။
"လက်ပံတန်းကနေ သာယာဝတီကို လမ်းလျှောက်မယ်ဆိုရင် တစ်နေကုန်သွားမယ်။ မနက်ဖြန် ဆယ်တန်းစာမေးပွဲတွေလည်း ရှိတဲ့အတွက် လက်ပံတန်းတာဆုံအထိပဲ လမ်းလျှောက်ပြီး တာဆုံကနေ ရန်ကုန်ကို ကားနဲ့ချီတက်မှာဖြစ်ပါတယ်" ဟု ကိုအောင်မှိုင်းဆန်းက တွေ့ဆုံပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားသည်။
လက်ပံတန်းကျောင်းသားသပိတ်တွင် ကျောင်းသား ၁၄၀ ကျော်နှင့် ၀န်းရံသူ ၃၀ ကျော် ရှိပြီး အဆိုပါသပိတ်ကို ရန်ကုန်မြို့တွင် ထောက်ခံပွဲကို လှည်းတန်းတွင် ယနေ့နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် စတင်ပြုလုပ်နေပြီဖြစ်သည်။

7Day

Thursday, March 5, 2015

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် အငြင်းပွားမြေနေရာပေါ်တွင် တရုတ်နိုင်ငံဘက်မှ တံတားဆောက်ရန်ဟုဆိုကာ မြေတိုင်းတာမှုများ ပြုလုပ်၍ ငုတ်တိုင်များ လာရောက်စိုက်ထူ


မူဆယ်၊ မတ် ၄။ 


တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ် အငြင်းပွားမြေနေရာတွင် ပါဝင်သည့် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ စယ်ဟိုင်းကျေးရွာအုပ်စု၊ ကောင်းဆုန်ကျေးရွာ ကူးတို့ဆိပ်အနီးတွင် တရုတ်နိုင်ငံဘက်မှ တံတားဆောက်ရန်ဟု ဆိုကာ မြေတိုင်းတာမှုများ ပြုလုပ်၍ ငုတ်တိုင်များ လာရောက် စိုက်ထူခဲ့ကြောင်း ဒေသခံများက ပြောသည်။ မတ်လ(၂)ရက်နေ့က တရုတ်-မြန်မာနယ်စပ်ရေးရာ ဆက်ဆံရေးအဖွဲ့မှ မခင်ဖြူဝင်း (တရုတ်နိုင်ငံသူ)က ဦးဆောင်သည့် အဖွဲ့မှ တိုင်းတာမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
 

ကျောင်းသားနှင့် NNER မပါဝင်လည်း အစီအစဉ်အတိုင်း ဆောင်ရွက်မည်ဟု ဥပဒေကြမ်းကော်မတီပြော


Friday, March 6, 2015

အမျိုးသားပညာ ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကြားနာပွဲသို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီနှင့် ပညာရေးစနစ်ပြု ပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) တို့ မတက် ရောက်လျှင်လည်း သတ်မှတ်ထားသော အစီအစဉ်အတိုင်း ဆက် လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြော သည်။
မတ်လ ၅ ရက်တွင် စတင် သော ကြားနာပွဲသို့ တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသ) နှင့် ဗကသ (မြေလတ်)တို့ တက် ရောက်ခဲ့သော်လည်း ဆွေးနွေးခဲ့ ခြင်းမရှိ၍ ကြားနာပွဲပျက်ပြယ်ခဲ့ ပြီး မတ်လ ၇ ရက်တွင် ပြုလုပ်မည့်ကြားနာပွဲသို့ NNER အနေဖြင့် တက်ရောက်မည်မဟုတ်ကြောင်း ကြေညာထားသည်။
‘‘ဖိတ်တဲ့ အဖွဲ့အစည်းတွေ မစုံရင် မလာတဲ့အဖွဲ့က တင်ပြ ခွင့်မရှိဘူး။ လာတဲ့အဖွဲ့တွေပဲ တင် ပြခွင့်ရှိမယ်။ မလာလည်း ဆက် လုပ်သွားမယ်’’ ဟု အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောသည်။

တရုတ်မြန်မာ နယ်စပ်ရှိ တင်းမာမှု များကို လျှော့ချရန် တရုတ် တိုက်တွန်း

တရုတ်မြန်မာ နယ်စပ်ဒေသရှိ တင်းမာမှုများအား လျှော့ချရန် မြန်မာ သံအမတ်ကို တရုတ်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး Liu Zhenmin က တိုက်တွန်း လိုက်ကြောင်း ရိုက်တာ  သတင်းဌာနက ရေးသား ဖော်ပြ လိုက်သည်။
တရုတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏနဲ့ နယ်မြေ ပိုင်ဆိုင်မှုကို အစဉ်အမြဲ လေးစား ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ ထိန်းချုပ်မှုတွေ ပြုလုပ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းက လက်ရှိ တင်းမာမှုတွေကို အမြန်ဆုံး လျှော့ချသွားနိုင် လိမ့်မယ်လို့ မျှော်လင့် ပါတယ်။ ပြီးတော့ တရုတ်မြန်မာ နယ်စပ် ဒေသ တည်ငြိမ်ရေး ကိုလည်း စိတ်အား ထက်သန်စွာနဲ့ ထိန်းသိမ်း လိမ့်မယ်လို့ မျှော်လင့် ပါတယ် ဟု အဆိုပါ ဒုတိယ ၀န်ကြီး၏ ကြေညာချက်တွင် ထည့်သွင်း ဖော်ပြ ထားကြောင်း သိရသည်။

မတ်လ ၅ ရက် ညနေ မြို့တော်ခန်းမရှေ့ ဆန္ဒပြအကြမ်းဖက်ဖြိုခွင်းမှု မှတ်တမ်းဓာတ်ပုံအချို့



ထားဝယ် အထူးစီးပွားရေးဇုန်တွင် တရုတ်ကုမ္ပဏီ Guangdong Zhenrong က ဒေါ်လာသုံးဘီလျံ မြှုပ်နှံမှုဖြင့် ရေနံချက်စက်ရုံ တည်ဆောက်ရန် စီစဉ်နေဟု ဆို

ထားဝယ်အထူးစီးပွားရေးဇုန်တွင် တရုတ်ကုမ္ပဏီ Guangdong Zhenrong က ဒေါ်လာသုံးဘီလျံ ရင်းနှီးမြှုပ်နှံမှုဖြင့် ရေနံချက်စက်ရုံ တည်ဆောက်ရန် စီစဉ်ထားသည်ဟု ဂျပန်သတင်းစာ Nikkei ၏ အာရှပိုင်းကဏ္ဍတွင် ဖော်ပြချက်အရ သိရသည်။၎င်းတို့က မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ပူးပေါင်းလုပ်ကိုင်ခွင့် ရရှိရန် မျှော်မှန်းထားသည်ဟု ဆိုသည်။၎င်းတို့ ကုမ္ပဏီက မြန်မာနိုင်ငံ အစိုးရထံသို့ အဆိုပါစက်ရုံ တည်ဆောက်ခွင့်အတွက် အတည်ပြုချက်ရရန် လျှောက်လွှာတင်ထားကြောင်း သိရသည်။အဆိုပါ ရေနံချက်စက်ရုံမှ တစ်နှစ်လျှင် ရေနံစိမ်းတန် ငါးသန်းကို ချက်လုပ်နိုင်မည် ဖြစ်သည်။

မတ်လ ၆ ရက် လက်ပံတန်းမှာ ဗကသ ၃ ယောက်အဖမ်းခံရ




၆ မတ် ၂၀၁၅

လက်ပံတန်း မြို့ မှာ ဒီနေ့ မနက် က ဗကသ ကျောင်းသား သုံးယောက်ဖမ်းဆီးသွားပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ကို ရဲရင့်ပိုင်မှုး ၊ ကို အောင်မင်းထက် နဲ့  မအိသဇာမောင် ဖြစ်ပါတယ်။ သူတို့ ဟာ လက်ပံတန်းဈေးရှေ့မှာမနေ့က ရန်ကုန်အကြမ်းဖက်မှုအကြောင်း ပြည်သူတွေကိုရှင်းပြနေစဉ် ၀င်အဖမ်းခံခဲ့ရတာပါ။ သတင်းထောက်တွေကိုလည်းတားဆီဟန့် တားခံရမူ့ တွေ ရှိပီး ဧရာဝတီသတင်းထောက် တယောက်ကို ဖမ်းဆီးသွားခဲ့လို့  အနားမှာရှိတဲ့ သတင်းထောက်တွေ ပြန်ဆွဲခေါ်ဆောင်လာခဲ့ရပါတယ်။

Wednesday, March 4, 2015

တရုတ်ဘက်တွင် ဆန်ဈေး မြင့်တက်လျက် ရှိသော်လည်း မြန်မာ့ဆန်ကိုမူ တရုတ်က ဈေးနှိမ်ဝယ်ယူ

တရုတ်နှစ်ကူးအပြီး တရုတ်ဘက်တွင် ဆန်တစ်တန် ယွမ် ၆ဝ ဝန်းကျင် ဈေးမြင့်တက်မှု ရှိခဲ့သော်လည်း ဈေးနှိမ်ဝယ်သဖြင့် မူဆယ်နယ်စပ်တွင် ဆန်တစ်အိတ် သုံးယွမ်ခန့် ဈေးကျဆင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (မူဆယ်) ဒုတိယဥက္ကဌ ဦးချမ်းသာဦးက ပြောကြားသည်။

သံလွင်မြစ်အတွင်း အကြီးဆုံးဖြစ်လာမည့် မိုင်းတုံရေအားလျှပ်စစ်စီမံကိန်း စတင်ရန် ပြင်ဆင်

Thursday, March 5, 2015

သံလွင်မြစ်ရေကာတာ စီမံကိန်းများမှ အကြီးဆုံးဖြစ်လာမည့် မိုင်းတုံရေအား လျှပ်စစ်စီမံ ကိန်းစတင်တော့မည်ဖြစ်ပြီး လူထုအကြံပြုတွေ့ဆုံမှုများ ပြုလုပ် သွားရန်စီစဉ်နေကြောင်း သတင်းရရှိသည်။
မိုင်းတုံရေအားလျှပ်စစ်စီမံ ကိန်းသည် ယခင်က တာဆန်း အမည်ဖြင့်တည် ဆောက်ရန်လျာ ထားရာမှ မိုင်းတုံအမည်ဖြင့် ပြောင်းလဲခဲ့သည်။ ယင်းဆည်မှာ သံလွင်မြစ်ပေါ်တည်ဆောက်မည့်စီမံကိန်းတွင်အကြီးဆုံး ဆည်နှင့်အရှေ့တောင်အ...ာရှတွင် အမြင့်ဆုံးဆည်ဖြစ်လာမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ၇,၁၀၀ မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်သည်။
သံလွင်မြစ်တွင် ရေအား လျှပ်စစ်စီမံကိန်းခြောက်ခုတည် ဆောက်ရန် အဆိုပြုထားသည့် အနက်မှ အကြီးဆုံးဖြစ်လာမည့် ရှမ်းပြည်နယ်၊ မိုင်းတုံမြို့ တွင် တည်ဆောက်မည့်မိုင်းတုံရေအား လျှပ်စစ်စီမံကိန်း စတင်လုပ် ဆောင်နိုင်ရန် ပူးပေါင်းကုမ္ပဏီ များက ဒေသခံပြည်သူများ၊ စိတ်ဝင်စား သည့် အဖွဲ့များနှင့်တွေ့ဆုံ ၍ စီမံကိန်းအချက်အလက်များရှင်းလင်း တင်ပြသွားမည်ဖြစ် ကြောင်း သိရသည်။
 

ဆန္ဒပြမှုတွင် သံဃာများ မပါဝင်ရန် ရန်ကုန်တိုင်း သံဃာ့နာယက ကြေညာသော်လည်း ဆက်လက်ပူးပေါင်းရန် ရွှေဝါရောင် သံဃာတော်များ တိုက်တွန်း

အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်ပေးရန် လက်ပံတန်းမြို့တွင်သပိတ်စခန်းချထားသည့် ဆန္ဒပြ ကျောင်းသားများနှင့် ပူးပေါင်းတောင်းဆိုနေသည့် သံဃာတော်များသည် ဆက်လက်ပူးပေါင်း ဆောင်ရွက် သင့်သည်ဟု ရေဝါရောင်သံဃာတော်များကွန်ရက်အဖွဲ့ဝင် သံဃာအချို့က မဇ္ဈိမကို ပြောသည်။
မတ်လ ၃ ရက် ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီး သံဃာနာယကအဖွဲ့ ( ဂိုဏ်းပေါင်းစုံ)က လက်ပံတန်းမြို့တွင် ကျောင်းသားများ...နှင့် ပူးပေါင်းဆောင်ရွက်နေသည့် သံဃာတော်အချို့ကို ထုတ်ပြန်ချက်တွင် ပြည်သူများအကြား တည်ငြိမ်အေးချမ်းမှု ပျက်ပြားမည်လော ဟူသော စိုးရိမ်ပူပန်မှုများ မရှိစေရေးအတွက် သီတင်းသုံးရာကျောင်းသို့ ပြန်လည်ကြွရောက်ရန် မေတ္တာရပ်ခံချက် ထုတ်ပြန်မှုအပေါ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese

သမ္မတဦးဆောင်ကျင်းပသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဆက်ကပ်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အထွေထွေရွေး ကောက်ပွဲအတွက် သမ္မတဦးသိန်း စိန်နှင့် သီးသန့်တွေ့ဆုံမှုပြုလုပ်ခဲ့ ပြီးနောက် ရက်ပိုင်းအတွင်းနိုင်ငံ တော်သမ္မတ  ဦးဆောင်ကျင်းပ သော သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော်များဆက်ကပ်လှူ ဒါန်းပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဒေါ်အောင်ဆန်း စုကြည်တက်ရောက်ခဲ့ကြောင်းသ တင်းရရှိသည်။

လက်ပံတန်း ထိုင်သမိတ် လုံခြုံရေးတင်းကြပ်

ပင်မကျောင်းသားများ၏ ထိုင်သပိတ် တတိယမြောက်နေ့ လုံခြုံရေး ပိုမိုတင်းကြပ်ထား
လက်ပံတန်းမြို့ရှိ ကျွန်းကလေး အနောက်ဘက် ကမ်းလမ်းထိပ်တွင် ရဲတပ်ဖွဲ့၏ ပိတ်ဆို့မှုကိုခံထားရသော ပင်မသပိတ်မှောက် ကျောင်းသားများ၏ ထိုင်သပိတ်သည် တတိယနေ့သို့ ရောက်ရှိ လာပြီဖြစ်သည်။ မတ်လ ၃ရက်နေ့ကတည်းက ပိတ်ဆို့ခံထားရသည့် ကျောင်းသားသပိတ်သည် မတ်လ (၅) ရက်တွင် လုံခြုံရေးရဲများက အတွင်းစည်း၊ အပြင်စည်းဖြင့် လုံခြုံရေးပိုမိုတင်းကြပ်ထား သည်ကို တွေ့ရသည်။ ကျောင်းသား သပိတ်ရှေ့တွင်လည်း သံဆူးကြိုးနှစ်ထပ်ကို လမ်းအပြည့် ကာရံထားကာ လုံခြုံရေးရဲများကလည်း အသင့်အနေအထားဖြင့် နေရာယူထားသည်။ မတ်လ ၃ ရက်ကတည်းက အစာငတ်ခံဆန္ဒပြနေသည့်ကျောင်းသားများမှာလည်း ယမန်နေ့က စပြီး အလှည့်ကျစနစ်ဖြင့် အစာငတ်ခံသည့် ပုံစံသို့ ပြောင်းထားသည်။(ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)


အမျိုးသားလွှတ်တော် ကြားနာပွဲသို့ NNER တက်ရောက်ရန် ရွှေ့ဆိုင်း

Thursday, March 5, 2015

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၌ ကြားနာမည်ဖြစ်ရာ မတ် ၇ ရက်တွင် ပြုလုပ်မည့် ကြားနာပွဲသို့ တက်ရောက်မည့် အစီအစဉ်အား ရွှေ့ဆိုင်းကြောင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) က အသိပေးကြေညာချက်ကို မတ် ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လေးပွင့်ဆိုင်သဘောတူညီမှုများအား အစိုးရအဖွဲ့ကဖောက်ဖျက်နေကြောင်း ဧရာဝတီသပိတ်ခေါင်းဆောင်များထုတ်ပြန်

အမျိုးသားပညာရေးဥပဒေ (ကြမ်း)နှင့်ပတ်သက်သည့် လေးပွင့်ဆိုင် သဘောတူညီမှုများအား အစိုးရအဖွဲ့က ဖောက်ဖျက်နေသည်ဟု ဧရာဝတီသပိတ်စစ်ကြောင်း ခေါင်းဆောင်ကိုအောင် အောင်ကျော်က ပြောသည်။
''အစိုးရဘက်က ကျွန်တော်တို့နဲ့ သဘောတူထားတဲ့အချက်တွေကိုဖောက် ဖျက်လာတာတွေ့နေရတယ်''ဟု ၄င်း ကဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၄ ရက် နေ့စွဲပါ သပိတ်မှောက်ကျောင်းသားများ ရန်ကုန်ဝင်လျှင် တည်ဆဲဥပဒေအရအ ရေးယူမည်ဟု ကြေညာထားခြင်းသည် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲအပြီး သဘောတူညီချက်များဖောက်ဖျက်နေ သည်ဟုလည်း ဧရာဝတီသပိတ်စစ် ကြောင်းမှ မတ် ၃ရက်က ကြေညာချက် ထုတ်ပြန်ထားသည်။