Saturday, February 28, 2015

လောက်ကိုင်တိုက်ပွဲဝင်တပ်မတော်သားများအား ဂုဏ်ပြုဖျော်ဖြေပွဲပြုလုပ်မည်


Sunday, March 1, 2015

ရုပ်ရှင်နှင့်သဘင်အနု ပညာရှင်များပူးပေါင်း၍ လောက် ကိုင်ဒေသမှ တပ်မတော်သားများ အားဂုဏ်ပြုပဒေသာဖျော်ဖြေပွဲ မတ်လ ၆ နှင့် ၇ ရက်တွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ကျင်းပမည်ဟုသတင်းရရှိသည်။

ဖျော်ဖြေပွဲကို နှစ်ရက်ခွဲ၍ ကျင်းပမည်ဖြစ်ပြီး မတ်လ ၆ ရက်တွင် သဘင်ဖောင်ဒေးရှင်းမှ ဦး နန်းဝင်းဦးဆောင်ကာ ‘များလူခပ် သိမ်းငြိမ်းချမ်းစေဖို့’ အမည်ရှိ ပြ ဇာတ်နှင့်နှစ်ပါးသွားအကများကို သဘင်အနုပညာရှင်များနှင့် သ ရုပ်ဆောင်များစွာက ဖျော်ဖြေ မည်ဖြစ်သည်။ မတ်လ ၇ ရက်တွင် ဂီတအနုပညာရှင် ၅၀ ကျော်က တေးသီချင်း ၃၅ ပုဒ်နှင့် ဖျော် ဖြေမည်ဟု ပွဲစီစဉ်သူဦးနန်းဝင်းက ပြောသည်။


‘‘အလှူခံလို့ရတဲ့ငွေတွေ အားလုံးကို ရန်ကုန်တိုင်းစစ်ဌာန ချုပ်ကိုသွားလှူမှာပါ။ ဒီပွဲကို Sky Net ကတိုက်ရိုက်ထုတ်လွှင့်မယ်’’ ဟု ၎င်းကဆိုသည်။

ပါဝင်မည့်အနုပညာရှင်များ မှာ နေမင်း၊ မိုးယံဇွန်၊ ဝေဠုကျော်၊ မင်းရာဇာ၊ အောင်မင်းခန့်၊ စွမ်း၊ မိုးပြည့်ပြည့်မောင်၊ သန်းသန်းစိုး နှင့် အနုပညာရှင်များစွာပါဝင်မည် ဟု ဦးနန်းဝင်းကပြောသည်။
လက်မှတ်ဈေးနှုန်းများကို ကျပ်တစ်သောင်းခွဲ၊ တစ်သောင်း နှင့် ငါးထောင်ကျပ် သတ်မှတ် ထားသည်။ လှူဒါန်းလိုသူများ သည် ဖုန်း ၀၉-၄၉၂၅၅၁၇၁၊ ၀၉-၄၀၀၆၀၀၅၀၀၊ ၀၉-၅၁၁၇၂၁၀ တို့ကို ဆက်သွယ်လှူ ဒါန်းနိုင်ကြောင်းသိရသည်။

7Day Daily

No comments:

Post a Comment