မန္တလေးတောင်ခြေ၊ နံပတ်တူ စလွန်းကား ၃-စီးတွေ့ရှိမှု ရှာဖွေစုံစမ်းနေ။
ဖေဖေါ်ဝါရီ ၂၆ ။
မန္တလေးတောင်ခြေအနီး ၊ရတနာပုံစံကျောင်းမြောက်ဘက် တွင် ဖေဖေါ်ဝါရီ ၂၃ရက်၊မွန်းလွဲပိုင်းလောက်က နံပတ်တူ စလွန်းကား ၃-စီး ယှဉ်လျက် ရပ်ထားသဖြင့် သတင်းထောက်တစ်ဦး က သွားရောက်စုံစမ်းခဲ့ပြီး ဖေ့စ်ဘုတ်သို့ တင်ခဲ့ရာမှ သက်ဆိုင်ရာတို့ သိရှိကာ ရှာဖွေ ဖေါ်ထုတ်နေပြီဖြစ်ကြောင်း သိ၇သည်။

အဆိုပါ နံပတ်များမှာ 9-I နံပတ်များဖြစ်၍ ယာဉ်သုံးစီးက နံပတ်တူ ယှဉ်လျက် ရပ်ထားခြင်းဖြစ်ပြီး ယာဉ်မောင်းကိုယ်တိုင်က ဓါတ်ပုံရိုက်ခွင့် ပင် ပေး ခဲ့ကြောင်း သိရသည်။
"တွေ့ရင် ကျွန်တော်တို့ ဆီအကြောင်းကြားသင့်တယ်။ဒါဆို ချက်ချင်းဖမ်းလို့ ရတယ်။နေက်ကျမှ သိရတာဆိုတော့ ။အဲဒီကားတွေ ရပ်ထာတွေ့တဲံ့ နေရာကို သွားရောက်စုံစမ်းတယ်။ရသမျှ သတင်းတွေနဲ့ ရှာဖွေ ဖေါ်ထုတ်နေတယ်။"ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့(မန္တလေး)အကြီးတန်းအရာရှိတစ်ဦး ကပြောသည်။
အဆိုပါ နံပတ်နှင့် ကားအမျိုအစားကို မန္တလေး(ကညန)သို့ ပေးပို့ စစ်ဆေး ခဲ့ရာတွင် မန္တလေးမှတ်ပုံတင်မဟုတ်ကြောင်း၊တွေ့ရှိရသည့် ကားများ၏ ကားနံပတ်နှင့် အမျိုးအစားမှာ တူညီမှုမရှိကြောင်း၊9-I နံပတ် မှာ နောက် ဆုံးဝင်လာသည့် ကားများဖြစ်၍ နံပတ်တူကားသုံးစီး၏ နံပတ်များအရ ကညန မှတ်ပုံတင်မှတ်တမ်းတွင် ကရောင်းကားများ ဖြစ်နေကြောင်း သိရသည်။
"ကားနံပတ် ဆိုတာ တစ်စီးနဲ့ တစ်စီးတူလို့ မရဘူး။ခုသုံးစီးက လိုင်စင်မဲ့ဖြစ် နိုင် တယ်။ရသမျှ သတင်းတွေ စုဆောင်းပြီး အမြန်ဆုံးလိုက်လံ စုံစမ်းနေတာပါ။ ပြည်သူဘက်က သတင်းပေးဖို့ လည်းလိုပါတယ်။"ဟု ၄င်းက ပြောသည်။
Mandalay News

No comments:
Post a Comment