Thursday, March 19, 2015

သေဆုံး တရုတ်တဦးလျှင် ဒေါ်လာတသောင်းကျော် ပေးရန် မြန်မာအစိုးရကမ်းလှမ်း

Mar 18 2015

တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ်တွင် မြန်မာစစ်တပ်က ပစ်ခတ်လိုက်သော ဗုံးဒဏ်ကြောင့် သေဆုံးသွားသည့် တရုတ် နိုင်ငံ သား ၄ ဦးအတွက် တဦးလျှင် အမေရိကန်ဒေါ်လာ ၁၁၂၂၂ ၀န်းကျင် (တရုတ်ယွမ်ငွေ ၇ သောင်း) ပေးရန် မြန်မာ အစိုးရက တရုတ် အစိုးရ ကို ကမ်းလှမ်း လိုက်ပြီး တရုတ် အစိုးရက အဆိုပါ ကမ်းလှမ်းချက်ကို တစုံတရာ တုံ့ပြန် ခြင်းမရှိသေးကြောင်း မတ်လ ၁၈ ရက်နေ့ ထုတ် Global Times သတင်းစာက ရေးသားဖော်ပြသည်။
 
မတ်လ ၁၃ ရက်နေ့ ညနေခင်းက မြန်မာစစ်လေယာဉ် တစီးပေါ်မှ ပစ်ချခဲ့သည့် ဗုံးက ပဋိပက္ခဖြစ်ပွားနေသည့် ကိုးကန့် ဒေသ နှင့် ထိစပ်နေသည့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ လင်ချန်း ခရိုင်အတွင်းရှိ ကြံခင်းအတွင်းသို့ ကျရောက်ပြီး လူ ၄ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

တရုတ်နယ်စပ် ကျော်ပြီး လောင်တဲ့ ကိုးကန့်စစ်မီး ဘယ်လိုငြှိမ်းမလဲ


Mar 19 2015

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသမှာ တကျော့ပြန် လောင်မြိုက်နေတဲ့ စစ်မီးဟာ တလကြာမြင့်လာပြီး နှစ်ဖက် အကျအဆုံး တိုးလာသလို ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာတော့ တရုတ်ပြည်ဘက်ကိုပါ ကူးစက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က တရုတ်နိုင်ငံဘက်ကို မြန်မာ့လေတပ်မတော်က ကြဲချခဲ့တယ်ဆိုတဲ့ ဗုံးကြောင့် တရုတ်နိုင်ငံသား ၄ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရသွားခဲ့ပြီးနောက် ဘေဂျင်း အစိုးရ ဒေါသထွက်ကာ တရုတ်ထိပ်တန်း အစိုးရအရာရှိတွေနဲ့ စစ်ဘက်အရာရှိကြီးတွေက မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် သတိပေးမှုတွေ လုပ်လာပါတယ်။
မြန်မာအစိုးရ သတင်းစာများရဲ့ အဆိုအရ ကိုးကန့်လက်နက်ကိုင်များနဲ့ အစိုးရတပ်အကြား တရုတ်-မြန်မာ နယ်စပ်အနီး လွန်ခဲ့တဲ့ ရက်သတ္တပတ် အတွင်း တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပြီး လေကြောင်း က ပစ်ခတ်မှုများ လည်း ရှိနေကြောင်း သိရပါတယ်။ တရုတ်အစိုးရရဲ့ ဆင်ဟွာသတင်းဌာနက တရုတ် နယ်စပ်မြို့ လင်ချန်း မြို့တွင်းကို မတ်လ ၁၃ ရက် သောကြာနေ့က ဗုံးကျခဲ့တယ်လို့ သတင်းဖော်ပြပါ တယ်။

Monday, March 9, 2015

ကျောင်းသားသပိတ်ကို အကြမ်းဖက်မဖြိုခွင်းရန် အထက်မြန်မာပြည် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

March 10 2015

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရန် ဆန္ဒပြတောင်း ဆိုနေသည့် ကျောင်းသားလှုပ်ရှား မှုများအပေါ် ထောက်ခံကြောင်း နှင့် လက်ပံတန်းမြို့တွင် ပိတ်ဆို့ ခံထားရသည့် ပင်မကျောင်းသား သပိတ်စစ်ကြောင်းကို အကြမ်း ဖက်ဖြိုခွဲခြင်းမပြုရန် အထက် မြန်မာပြည် အရပ်ဘက်လူမှုအဖွဲ့ အစည်း ၁၂၀ ကျော်က ကြေညာ ချက်ထုတ်ပြန်သည်။

လက်ပံတန်းမြို့ရှိ ပင်မ ကျောင်းသားသပိတ်စစ်ကြောင်း က မတ်လ ၁၀ ရက် နံနက် ၁၀ နာရီတွင် ပိတ်ဆို့တားဆီးထားမှု များ မဖယ်ရှားပါက ကျော်ဖြတ် ချီတက်မည်ဖြစ်ကြောင်း အရေး ပေါ်သတင်းထုတ်ပြန်ထားသည့် အပေါ် အစိုးရက ကျောင်းသား သပိတ်များအား အကြမ်းဖက်ဖြို ခွဲမည်ကို အထက်မြန်မာပြည် အရပ်ဘက်အဖွဲ့အစည်းများက အထူးစိုးရိမ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ဆန္ဒပြမည်ဆိုသည့် သတင်းကြောင့် မန္တလေးတွင် ရဲက လမ်းပိတ်


 ဧရာဝတီ၊ မတ် ၁၀၊ ၂၀၁၅

မန္တလေး ရတနာပုံတက္ကသိုလ် ကျောင်းသားများ ၃၄လမ်းနှင့် ၃၅လမ်းကြား ဗိုလ်ချုပ်အောင်ဆန်း နှစ်၁၀၀ပြည့်မွေးနေ့ အထိမ်း အမှတ် အခမ်းအနားများကျင်းပရေးကော်မတီရုံးခန်းအနီးတွင် ဆန္ဒပြမည်ဆိုသည့် သတင်းများကြောင့် အဆိုပါ လမ်းတလျှောက် ရဲတပ်ဖွဲ့မှ အချုပ်ကားများချကာ ယနေ့နံနက် ၉နာရီခန့်မှစတင်ကာ လမ်းပိတ်ထားကြောင်း သတင်းရသည်။


ကိုးကန့်ဒေသ တိုက်ပွဲတွင် ဖျက်အားပြင်းဗုံး အသုံးပြု တိုက်ခိုက်

ကိုးကန့်တပ်ဖွဲ့များ အဓိက ခြေကုပ်ယူထားသည့် လောက် ကိုင်နှင့် ချင်းရွှေဟော်ကြား လုံ ထန်ရွာအနီး တောင်ကုန်းများကို တပ်မတော်က ချေမှုန်းရာတွင် တိုက်လေယာဉ်ပေါ်မှ ဖျက်အား ပြင်းဗုံးများ ပထမဆုံးအကြိမ် အသုံးပြု တိုက်ခိုက်ကြောင်း  သတင်းရရှိသည်။

 လုံထန်ကျေးရွာအနီး ကား လမ်းအရှေ့ဘက်ခြမ်းရှိ ပွိုင့်- ၁၇၅၃ တောင်ကုန်းနှင့် အနီးပတ် ၀န်းကျင် တောင်ကုန်းများကို တပ်မတော်စစ်ကြောင်းများက မတ်လ ၇ ရက် မွန်းလွဲမှစ၍ လေကြောင်း ပစ်ကူ၊ အမြောက် ပစ်ကူများဖြင့် ထိုးစစ်ဆင်တိုက် ခိုက်ချေမှုန်းလျက်ရှိကြောင်း တပ် မတော်က တရားဝင်ထုတ်ပြန်ခဲ့ သည်။ မတ်လ ၇ ရက်က လေ ကြောင်းပစ်ကူ ခုနစ်ကြိမ်ဖြင့် တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးအကြိမ် တွင် တိုက်လေယာဉ် A5C အမျိုး အစားနှင့် ပေါင် ၅၀၀ အလေးချိန် ရှိ ဗုံးတစ်လုံးကြဲချခဲ့ကြောင်း တိုက်ပွဲဖြစ်ရာ ဒေသတွင် တာဝန်ကျနေ သည့် တပ်မတော်အရာရှိတစ်ဦး ကပြောသည်။

ပင်မသပိတ်စစ်ကြောင်း ရန်ကုန်အထိချီတက်ရန် အစိုးရ သဘောတူလိုက်ပြီ

UPDATE NEWS >>>>>>>>>>

========
...
ပင်မသပိတ်စစ်ကြောင်း ရန်ကုန်သို့ ၀င်ခွင့်ပြုရန် သဘောတူလိုက်ပြီဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီကျော်က သတင်းရရှိသည်။
မတ်လ ၁၀ ရက် နံနက် ၉ နာရီခွဲက ပဲခူးတိုင်းနယ်လုံဝန်ကြီး ဦးသက်ထွန်းနှင့် သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း၊ မဖြိုးဖြိုးအောင်၊ NNERကိုယ်စားလှယ် ဒေါက်တာသိန်းလွင် ၊ ဒေါက်တာညိုညိုသင်း၊ ကိုစိုးထွန်းတို့ တံခါးပိတ်ဆွေးနွေးပြီးနောက် အထက်ပါအတိုင်း သဘောတူလိုက်ခြင်းဖြစ်ကြောင်း ထိုနေရာသို့ ရောက်ရှိနေသည့် 7Day သတင်းထောက်က သတင်းပေးပို့သည်။
သဘောတူညီချက်အရ လက်ရှိ ထိုင်သပိတ်ဆင်နွှဲနေသည့်နေရာမှ လက်ပံတန်းမြို့ တာဆုံအထိ ယနေ့ နံနက် ၁၀ နာရီကျော်မှ စတင်ကာ ကျောင်းသားသပိတ်က လမ်းလျှောက်ချီတက်မည်ဖြစ်ပြီး တာဆုံအရောက်တွင် ကားများဖြင့် ရန်ကုန်သို့ ဆက်လက်ချီတက်မည်ဖြစ်သည်။ ၁၀ နာရီ ၁၃ မိနစ်တွင် အတားအဆီးများကို စတင်ဖယ်ရှားနေပြီး ကျောင်းသားများ လေးယောက်တစ်တွဲဖြင့် စတင်ထွက်ခွာမည်ဖြစ်သည်။
"လက်ပံတန်းကနေ သာယာဝတီကို လမ်းလျှောက်မယ်ဆိုရင် တစ်နေကုန်သွားမယ်။ မနက်ဖြန် ဆယ်တန်းစာမေးပွဲတွေလည်း ရှိတဲ့အတွက် လက်ပံတန်းတာဆုံအထိပဲ လမ်းလျှောက်ပြီး တာဆုံကနေ ရန်ကုန်ကို ကားနဲ့ချီတက်မှာဖြစ်ပါတယ်" ဟု ကိုအောင်မှိုင်းဆန်းက တွေ့ဆုံပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားသည်။
လက်ပံတန်းကျောင်းသားသပိတ်တွင် ကျောင်းသား ၁၄၀ ကျော်နှင့် ၀န်းရံသူ ၃၀ ကျော် ရှိပြီး အဆိုပါသပိတ်ကို ရန်ကုန်မြို့တွင် ထောက်ခံပွဲကို လှည်းတန်းတွင် ယနေ့နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် စတင်ပြုလုပ်နေပြီဖြစ်သည်။

7Day

Thursday, March 5, 2015

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် အငြင်းပွားမြေနေရာပေါ်တွင် တရုတ်နိုင်ငံဘက်မှ တံတားဆောက်ရန်ဟုဆိုကာ မြေတိုင်းတာမှုများ ပြုလုပ်၍ ငုတ်တိုင်များ လာရောက်စိုက်ထူ


မူဆယ်၊ မတ် ၄။ 


တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ် အငြင်းပွားမြေနေရာတွင် ပါဝင်သည့် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ စယ်ဟိုင်းကျေးရွာအုပ်စု၊ ကောင်းဆုန်ကျေးရွာ ကူးတို့ဆိပ်အနီးတွင် တရုတ်နိုင်ငံဘက်မှ တံတားဆောက်ရန်ဟု ဆိုကာ မြေတိုင်းတာမှုများ ပြုလုပ်၍ ငုတ်တိုင်များ လာရောက် စိုက်ထူခဲ့ကြောင်း ဒေသခံများက ပြောသည်။ မတ်လ(၂)ရက်နေ့က တရုတ်-မြန်မာနယ်စပ်ရေးရာ ဆက်ဆံရေးအဖွဲ့မှ မခင်ဖြူဝင်း (တရုတ်နိုင်ငံသူ)က ဦးဆောင်သည့် အဖွဲ့မှ တိုင်းတာမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။