Wednesday, March 4, 2015

လေးပွင့်ဆိုင်သဘောတူညီမှုများအား အစိုးရအဖွဲ့ကဖောက်ဖျက်နေကြောင်း ဧရာဝတီသပိတ်ခေါင်းဆောင်များထုတ်ပြန်

အမျိုးသားပညာရေးဥပဒေ (ကြမ်း)နှင့်ပတ်သက်သည့် လေးပွင့်ဆိုင် သဘောတူညီမှုများအား အစိုးရအဖွဲ့က ဖောက်ဖျက်နေသည်ဟု ဧရာဝတီသပိတ်စစ်ကြောင်း ခေါင်းဆောင်ကိုအောင် အောင်ကျော်က ပြောသည်။
''အစိုးရဘက်က ကျွန်တော်တို့နဲ့ သဘောတူထားတဲ့အချက်တွေကိုဖောက် ဖျက်လာတာတွေ့နေရတယ်''ဟု ၄င်း ကဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၄ ရက် နေ့စွဲပါ သပိတ်မှောက်ကျောင်းသားများ ရန်ကုန်ဝင်လျှင် တည်ဆဲဥပဒေအရအ ရေးယူမည်ဟု ကြေညာထားခြင်းသည် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲအပြီး သဘောတူညီချက်များဖောက်ဖျက်နေ သည်ဟုလည်း ဧရာဝတီသပိတ်စစ် ကြောင်းမှ မတ် ၃ရက်က ကြေညာချက် ထုတ်ပြန်ထားသည်။


ကြေးမုံနှင့် မြန်မာ့အလင်းသတင်း စာပါ မုသာဝါဒဖော်ပြချက်များသည် လည်း လေးပွင့်ဆိုင်ဆွေးနွေးပွဲကတိက ဝတ်များကိုအတိအလင်းချိုးဖောက်နေ သည်ဟုလည်းဖော်ပြထားသည်။

အစိုးရအနေဖြင့် သဘောတူညီမှု များ ဖောက်ဖျက်လာပါက ဧရာဝတီသ ပိတ်စစ်ကြောင်းအနေဖြင့် လက်ရှိစောင့် ကြည့်အနေအထားမှ ပြင်းထန်သည့် သပိတ်သဏ္ဌာန်ပြန်လည်ဆင်နွှဲမည်ဖြစ် ကြောင်း ၄င်းက ဆက်လက်ပြောသည်။

အမျိုးသားပညာရေးဥပဒေမူကြမ်း ကို ပြင်ဆင်သည့်ဥပဒေမူကြမ်းဆွေး နွေးရန်ကြားနာမှုကို တရားဝင်ကြေညာ ထားသော်လည်း သပိတ်မှောက်ကျောင်း သားများ တရားဝင်အကြောင်းကြားခြင်း၊ ဖိတ်ခေါ်ခြင်းများ မရှိသေးကြောင်း ကို အောင် အောင်ကျော်က ပြောသည်။

''ဥပဒေမူကြမ်းကိုဆွေးနွေးဖို့ အ ကောင်အထည်ဖော်တဲ့နေရာမှာလဲ လေး ပွင့်ဆိုင် သဘောတူညီချက်တွေကို မသိ မသာချိုးဖောက်လာတာ တွေ့ရတယ်''ဟု ၄င်းကယူဆသည်။
လေးပွင့်ဆိုင်သဘောတူညီမှုကို ဖေဖော်ဝါရီ ၁၁ရက်ကရရှိခဲ့ပြီး အမျိုး သားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား မတ်လ ၅ရက်တွင် ဒီမို ကရေစီပညာရေးလှုပ်ရှားမှုဦးဆောင် ကော်မတီဝင်များနှင့် စတင်ကြားနာမည် ဖြစ်သည်။
ညီမျှခြင်း-မြန်မာမှ ဒါရိုက်တာဦး အောင်မျိုးမင်းက အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေမူကြမ်း ကို ဆွေးနွေးရာတွင် မလိုလားအပ်ဘဲ အဖွဲ့အစည်းများနှင့် ဆွေးနွေးခြင်းသည် အစိုးရမှမလုပ်သင့်သည့်လုပ်ရပ်ဟု ပြော သည်။

''ချိုးဖောက်တယ်လို့မဟုတ်ပေ မယ့် ကြန့်ကြာအောင်လုပ်နေတာတွေ တွေ့နေရတယ်''ဟု ၄င်းကသုံးသပ် သည်။ အစိုးရမှကျောင်းသားများ ရန် ကုန်သို့ချီတက်မည်ဆိုပါက အရေးယူ မည်ဟုကြေညာထားသည့် အတွက် ကျောင်းသားများ ရန်ကုန်သို့ ချီတက် မည်ဆိုပါက အကြမ်းဖက်ဖြိုခွင်းမှုများ ဖြစ်နိုင်ပြီး ပြည်သူလူထုက ကျေနပ်လက် ခံနိုင်မည်မဟုတ်ကြောင်းလည်း ဦးအောင် မျိုးမင်းက ဆိုသည်။

စည်သူ
Yangon Media Group

No comments:

Post a Comment